Lifestyle

ဖခင်ဖြစ်သူ က ကားပေါ် မှာ 10 နာရီ ခန့်မေ့ပြီး ထားရစ်မိခဲ့လို့ ဆုံးပါး သွားခဲ့ရသော 4နှစ် အရွယ် သမီးငယ်လေး …

ဖခင်ဖြစ်သူ က ကားပေါ် မှာ 10နာရီ ခန့်မေ့ပြီး ထားရစ် မိခဲ့လို့ ဆုံးပါး သွားခဲ့ရတဲ့ 4နှစ် အရွယ် သမီးငယ်လေးပြီးခဲ့တဲ့ August 13 ရက်နေ့က အမျိုးသားတစ်ဦးဟာ အလုပ်သွားရင်းသူ၏ 4နှစ်အရွယ် သမီးငယ်လေးကို မေ့ပြီးကား ပေါ်မှာ 10 နာရီခန့် ထားရစ်မိခဲ့ လို့ကံဆိုးစွာနဲ့ပဲ ကလေး ငယ်ဟာ ဆုံးပါးသွား ခဲ့ရပါတယ်။ ဖခင်ဖြစ်သူကတော့ အလုပ်ကနေ ညနေ 6:20 အချိန်ခန့် မှ ထွက်ခွာလာရင်းနဲ့ သမီးလေးကို ကားပေါ်မှာမိပြီး ထားရစ်ခဲ့မိမှန်း သတိရခဲ့တာပါ။

ရဲအရာရှိတွေရဲ့ပြောပြချက် အရ ကလေးငယ်ကျန်ရစ်ခဲ့တဲ့ ကားဟာ မှန် ပြတင်းပေါက် အကုန်ပိတ် ထားတဲ့အပြင် ကားအင်ဂျင် မှာလည်း လုံးဝပိတ်ထားလျက် နဲ့ပါ။ ဖခင်ဖြစ်သူဟာ မနက်ခင်း 7:30 အချိန်ခန့်မှာ သမီးကြီးကိုကျောင်းသို့ပို့ခဲ့ပြီးနောက် အလုပ်သို့ သွားခဲ့တာ ဖြစ်ပြီး ကားနောက်ထိုင်ခုံ မှာသမီးငယ်လေး အိပ်မော ကျနေတာ ကို မေ့လျော့နေ ခဲ့တာပါ။ သမီးငယ်လေးကို ဖခင်ဖြစ်သူ အလုပ်မသွားမီ အဘွားဖြစ်သူအိမ်သို့ ပုံမှန်ပို့ဆောင်းပေး နေကျဖြစ်ပါတယ်။ အလုပ်ကနေ အိမ်ပြန်တော့မယ့်အချိန်မှ

ကားအနောက်ဖက် ထိုင်ခုံမှာ သမီးငယ်လေး သတိလစ် နေခဲ့တာကို တွေ့ရှိခဲ့တာပါ။ ထို့နောက် ဖခင်ဖြစ်သူက ထိတ်လန့်သွားခဲ့ပြီး အနီးအနားရှိ လူများအား အကူအညီတောင်းခဲ့ ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ သမီးငယ်လေးဟာ အ သက်မရှိ တော့ပါဘူး။ ကလေးငယ်ရဲ့အလောင်း ကိုတော့ ရင်ခွဲစစ်ဆေးဖို့အတွက် ဆေးရုံ သို့ ပို့ဆောင်ထားခဲ့ပြီး၊ အဆိုပါအမှု ကိုတော့ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး ဖခင်ဖြစ်သူ ကိုတော့ ထိထိရောက်ရောက် အရေးယူသွား မည်ဖြစ်ကြောင်း သိရှိရပါ တယ်။