Knowledge

ကမ်းခြေမှာသောင်တင်နေခဲ့တဲ့ ဖားလောင်း ခန္ဓာကိုယ် ၊ လင်းပိုင်ဦးခေါင်း နှင့် မျက်လုံးမပါရှိတဲ့ ထူးဆန်းရေနေသတ္တဝါတစ်မျိုး (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှာရှိတဲ့ ကမ်းခြေတစ်ခုမှာဆိုရင် ထူးဆန်းတဲ့ပုံစံမျိုးနဲ့ရေနေသတ္တဝါတစ်ကောင် သောင်တင်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ အဆိုပါ သတ္တဝါဟာ လင်းပိုင်ကဲ့သို့သော ဦးခေါင်းပုံစံမျိုးရှိနေခဲ့တဲ့အပြင် ၊ ဖားလောင်းအမြီးကဲ့သို့ ချွန်ထွက်နေတဲ့ အမြီးပုံစံမျိုးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ။

သို့ပေမဲ့လည်း အဆိုပါသတ္တဝါဟာ ချွန်ထက်နေသော သွားများ နှင့် မျက်လုံးများမပါရှိခဲ့တဲ့အတွက် ပစိဖိတ်သမုဒ္ဒရာရဲ့အောက်ဖက်ရေနက်ပိုင်းဖြစ်တဲ့ အလင်းမရှိတဲ့နေရာ နှင့် မျက်လုံးရှိနေဖို့မလိုအပ်တဲ့နေရာမှ ရေနေသတ္တဝါအမျိုးအစားဖြစ်နိုင်ကြောင်း ကောက်ချက်ချမှုများရှိနေလျက်ရှိပါတယ် ။

အဆိုပါ သတ္တဝါကိုတော့ မက္ကဆီကိုနိုင်ငံ ၊ Destiladeras ကမ်းခြေမှာ နေထိုင်ကြတဲ့ ဒေသခံများက တွေ့ရှိခဲ့ကြတာဖြစ်ပြီး ၊ ယခုအချိန်ထိ မည်သည့်သတ္တဝါအမျိုးအစားဖြစ်ကြောင်း အတည်မပြုနိုင်သေးပါဘူး ။

အစပိုင်းမှာတော့ ဒေသခံတွေက သေဆုံးနေတဲ့လင်းပိုင်တစ်ကောင်လို့ တွေးထင်ခဲ့ကြပေမဲ့လည်း အနီးကပ်လာရောက်ကြည့်ရှုခဲ့ချိန်မှာတော့ လုံးဝကိုကွဲပြားနေခဲ့ပါတော့တယ် ။

အဆိုပါသတင်းကိုတော့ ဒေသခံ သတင်းမီးဒီယာတွေက ဖော်ပြထားခြင်းမျိုးတော့မရှိပါဘူး ။ ထို့ကြောင့် အချို့သောသူများဟာလည်း အတုအယောင်လုပ်ဇာတ်သတ္တဝါပုံစံမျိုး ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း Puerto Vallarta မြို့မှာရှိတဲ့ ပင်လယ်ဟာ ရေတပ်ပိုင်းတဲ့ဧရိယာဖြစ်ပေမဲ့ မီတာထောင်ပေါင်းများစွာ နက်ရှိုင်းလွန်းတဲ့အတွက် အဆိုပါသတ္တဝါများ အသက်ရှင်နေထိုင်ရာ နေရာဖြစ်နိုင်ကြောင်းလည်း သုံးသပ်ခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

Unicode

ကမ်းခြေမှာသောင်တင်နေခဲ့တဲ့ ဖားလောင်း ခန္ဓာကိုယ် ၊ လင်းပိုင်ဦးခေါင်း နှင့် မျက်လုံးမပါရှိတဲ့ ထူးဆန်းရေနေသတ္တဝါတစ်မျိုး (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှာရှိတဲ့ ကမ်းခြေတစ်ခုမှာဆိုရင် ထးူဆန်းတဲ့ပုံစံမျိုးနဲ့ရေနေသတ္တဝါတစ်ကောင် သောင်တင်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ အဆိုပါ သတ္တဝါဟာ လင်းပိုင်ကဲ့သို့သော ဦးခေါင်းပုံစံမျိုးရှိနေခဲ့တဲ့အပြင် ၊ ဖားလောင်းအမြီးကဲ့သို့ ချွန်ထွက်နေတဲ့ အမြီးပုံစံမျိုးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ။