Lifestyle

အိမ်မက်တွေအကောင်အထည်ဖော်နိုင်ချိန်မှာ လမ်းဘေးဈေးသည်ဖခင်ကို လူကြားထဲရှိခိုးခဲ့တဲ့ သားလိမ္မာ

ကိုယ့်ဘဝက ဘယ်လောက်ပဲ အောင်မြင်ပြီး ၊ ထိပ်ဆုံးမှာ ရပ်တည်နေပါစေ ဘဝတစ်လျှောက်လုံး ကိုယ့်ကိုပြုစုစောင့်ရှောက်ခဲ့ကြသူတွေ ၊ မိဘတွေကိုတော့ မမေ့သင့်ပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကောင်လေးတစ်ယောက်ဟာလည်း သူ့ရဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ပြီးနောက်မှာတော့ သူ့ရဲ့မိဘတွေကို လုံးဝမမေ့သွားဘူးဆိုတညသက်သေပြလိုက်တာပါပဲ ။

Mohamad Risky Saputra အမည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက အသက် 19နှစ်အရွယ်ကောင်လေးဟာ ရဲအရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကို တက်ရောက်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ဖခင်ဖြစ်သူကို ကျေးဇူးတင်လွန်းလို့ ဦးညွတ်ပြီးဂါရဝပြုခဲ့တဲ့ ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။

Risky ရဲ့မိခင်ဖြစ်သူပြောပြချက်အရ သူမရဲ့သားအငယ်ဆုံးတစ်ယောက်ဟာ ရဲအရာရှိတစ်ဦးအတော်လေးဖြစ်ချင်ခဲ့တာပါ ။ သို့ပေမဲ့လည်း သူမတို့ရဲ့မိသားစုအခြေအနေကြောင့် သူမက သားဖြစ်သူကို မထောက်ပံ့နိုင်ကြောင်း ပြောဆိုခဲ့ပေမဲ့လည်း Risky ကတော့ မိဘတွေရဲ့ သဘောတူညီချက်ကိုသာ လိုချင်တာဖြစ်ကြောင်း သူမတို့အား ရိုးရှင်းစွာတောင်းဆိုခဲ့ပါတယ် ။

ထို့အပြင် Risky တို့ရဲ့မိသားစုဟာ အိမ်ရှေ့မှာ လှည်းလေးနဲ့ဈေးရောင်းနေတဲ့ ဖခင်ဖြစ်သူရဲ့ဝင်ငွေကိုသာ မှီခိုအားထားနေရတဲ့အတွက် ဖြစ်ပါတယ် ။ အစပိုင်းမှာတော့ မိခင်ဖြစ်သူက သားလေးဟာ လူရွေးချယ်တဲ့စာမေးပွဲမှာအောင်မြင်တယ်ဆိုတဲ့အတွက် သူမရဲ့ပျော်ရွှင်စိတ်လှုပ်ရှားမှုကို လုံးဝထိန်းလို့မရတဲ့အထိဖြစ်မိကြောင်း ပြောဆိုခဲ့ပါတယ် ။ သားဖြစ်သူကို ဂုဏ်ယူလွန်းလှတဲ့ မိဘနှစ်ပါးမှာတော့ သူတို့တွေဆီမှာရှိတဲ့အကောင်းဆုံး ဝတ်စုံလေးတွေနဲ့ သားဖြစ်သူရဲ့ ရဲအရာရှိတာဝန်ခန့်အပ်တဲ့ပွဲသဘင်အခမ်းအနားကို တက်ရောက်ချီးမြင့်ပေးခဲ့ကြပါတယ် ။
#credit