Celebrities

မိမိရောင်းတဲ့ ဆန်အိတ်လေးတွေကို ဖွေးဖွေးမှ (၅) အိတ် ဝယ်ယူအားပေး ခဲ့တာကြောင့် ဝမ်းသာပီတိ ဖြစ်နေတဲ့ ဦးကျော်ထူး

ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ ယနေ့ချိန်ထိတိုင်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ ဦးကျော်ထူးကိုသိကြမယ်ထင်ပါတယ်နော်။သူရဲ့ပြက်လုံးတွေနဲ့ အခွီပုံစံသရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် သူပါဝင်တဲ့ဇာတ်ကားတိုင်းလိုလိုဟာဆိုရင်လည်း ပရိသတ်တွေသဘောကျ။

အားပေးကြတဲ့ ကားကောင်းတွေပဲဖြစ်ပါတယ်။Covid ရောဂါအခြေအနေကြောင့် အနုပညာရှင်အတော်တော်များ အလုပ်တွေရပ်နားခဲ့ရတာဖြစ်ပြီး အတော်များများ တစ်နိုင်တပိုင်စီးပွားရေးလုပ်ငန်းလေးတွေလုပ်ကိုင်လာကြတာဖြစ်ပါတယ်။ အာ့ထဲမှာဆိုရင်ဟာသသရုပ်ဆောင် ဦးကျော်ထူးတစ်ယောက်လည်း ဆန်ဆိုင်လေးဖွင့်ကာ စီးပွားရေးလုပ်ငန်းလေးလုပ်ကိုင်နေတာပါနော်။မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ “ကိုင်း ဒီနေ့တော့ပျော်ပြီလေအကယ်ဒမီဖွေးဖွေးကဆန်{5}အိတ်အကယ်ဒမီကိုလူမင်းက{1}အိတ်ဝယ်ယူအားပေးတာကိုဗစ်ကာလလေးရဲ့ဖြတ်သန်းမှုတစ်ခု။

ပေါ့လေ အားလုံးကိုကျေးဇူးပါလို့” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ကဲ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


#credit