Dhamma

ဗုဒ္ဓဘာသာဝင်တွေအတွက် ဂုဏ်ယူစရာ သတင်းတပုဒ်

အောက်တိုဘာ (၂၆)ရက် နေ့တွင် ပထမဆုံးထေရဝါဒစေတီတော်တစ်ဆူအားရုရှားနိုင်ငံမှာ တည်ထားကိုးကွယ်နိုင်ရန်စီစဉ်နေပြီး ဒီစေတီတော်တည်ထားနိုင်ရေးအတွက် သီတဂူဆရာတော်ကြီးမှဦးဆောင်ကာဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ဂျာမနီနိုင်ငံနဲ့ ဥပရောပတိုက်တို့မှာ သာသနာပြန့်ပွားရေးအတွက် သာသနာပြုနေတဲ့ ဆရာတော်အရှင်ကုသလသာမိက အောက်တိုဘာ (၂၆)ရက်နေ့က မိန့်ကြားခဲ့ပါတယ် ။

အဆိုပါစေတီတော်ကို “ရုရှားနိုင်ငံ၊မော်စကိုမြို့၊ကာလုဂါပြည်နယ်ရှိကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင်တည်ထားကိုးကွယ်မည်”ဖြစ်ပြီးအောက်တိုဘာလ(၂၃)ရက်နေ့ တွင်မြေသန့်မင်္ဂလာကမ္မဝါရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနား၊အောက်တိုဘာလ(၂၄)ရက်နေ့တွင် ရွှေပန္နက်တော်တင်၊ရတနာအုတ်မြစ်စီအခမ်းအနားတို့ကိုပြုလုပ်ခဲ့ကာ
အဆိုပါအခမ်းအနားများသို့ သီတဂူဆရာတော်ကြီးနှင့်အတူ အင်းစိန်ရွာမ ဆရာတော်ကြီး၊ သိမ်တော်ကြီးဆရာတော်၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသ၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓ မာလာလင်္ကာရ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်မှ စာချကထိက ဆရာတော်များ၊ အမေရိကန် ၊ရုရှား၊ ဂျာမနီ၊ အင်္ဂလန်၊ ကိုးရီးယားမှ တပည့်ကျောင်းထိုင်ဆရာတော်များ များစွာတက်ရောက်ခဲ့ကြောင်းသိရပါတယ် ။

“ ရုရှားမှာတော့ ပထမဆုံးဖြစ်လောက်တယ်။ ဉာဏ်တော်ကပေ(၅၀)ကျော်တယ် ။ (၅၄)ပေမြင့်တဲ့စေတီတော်လည်းဖြစ်မယ်။ ဘုန်းဘုန်းတို့ဟိုဘက်ဥရောပမှာဆိုရင် စေတီတည်တာတွေခွင့်မပြုဘူး။သို့သော်လည်း ဒီရုရှားမှာတော့ နှစ်နိုင်ငံအဆင်ပြေနေတာလည်းဖြစ်တယ်။ဗုဒ္ဓဘာသာနဲ့လည်းမစိမ်းဘူးလို့ပြောလို့ရတယ်”ဟုစေတီတော်တည်ထားကိုးကွယ်ရေးနှင့်ပတ်သက်သည့် ပွဲသို့တက်ရောက်ခဲ့သော ဆရာတော် အရှင်ကုသလသာမိက မိန့်ကြားခဲ့ပါတယ် ။

ရွှေစည်းခုံပုံတူစေတီတော်တည်ဆောက်ရေးလုပ်ငန်းများမှာ မကြာမီစတင်တော့မှာဖြစ်ပြီး (၁)နှစ်တာ ကာလ အတွင်းစေတီတော်ကြီးကို အပြီးသတ် တည်ဆောက်သွားရန်အတွက် ရည်မှန်း ထားခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ် ။
Unicode

အောက်တိုဘာ (၂၆)ရက် နေ့တွင် ပထမဆုံးထေရဝါဒစေတီတော်တစ်ဆူအားရုရှားနိုင်ငံမှာ တည်ထားကိုးကွယ်နိုင်ရန်စီစဉ်နေပြီး ဒီစေတီတော်တည်ထားနိုင်ရေးအတွက် သီတဂူဆရာတော်ကြီးမှဦးဆောင်ကာဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ဂျာမနီနိုင်ငံနဲ့ ဥပရောပတိုက်တို့မှာ သာသနာပြန့်ပွားရေးအတွက် သာသနာပြုနေတဲ့ ဆရာတော်အရှင်ကုသလသာမိက အောက်တိုဘာ (၂၆)ရက်နေ့က မိန့်ကြားခဲ့ပါတယ်။

အဆိုပါစေတီတော်ကို “ရုရှားနိုင်ငံ၊မော်စကိုမြို့၊ကာလုဂါပြည်နယ်ရှိကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင်တည်ထားကိုးကွယ်မည်”ဖြစ်ပြီးအောက်တိုဘာလ(၂၃)ရက်နေ့ တွင်မြေသန့်မင်္ဂလာကမ္မဝါရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနား၊အောက်တိုဘာလ(၂၄)ရက်နေ့တွင် ရွှေပန္နက်တော်တင်၊ရတနာအုတ်မြစ်စီအခမ်းအနားတို့ကိုပြုလုပ်ခဲ့ကာ

အဆိုပါအခမ်းအနားများသို့ သီတဂူဆရာတော်ကြီးနှင့်အတူ အင်းစိန်ရွာမ ဆရာတော်ကြီး၊ သိမ်တော်ကြီးဆရာတော်၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသ၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓ မာလာလင်္ကာရ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်မှ စာချကထိက ဆရာတော်များ၊ အမေရိကန် ၊ရုရှား၊ ဂျာမနီ၊ အင်္ဂလန်၊ ကိုးရီးယားမှ တပည့်ကျောင်းထိုင်ဆရာတော်များ များစွာတက်ရောက်ခဲ့ကြောင်းသိရပါတယ်။“ ရုရှားမှာတော့ ပထမဆုံးဖြစ်လောက်တယ်။

ဉာဏ်တော်ကပေ(၅၀)ကျော်တယ်။ (၅၄)ပေမြင့်တဲ့စေတီတော်လည်းဖြစ်မယ်။ ဘုန်းဘုန်းတို့ဟိုဘက်ဥရောပမှာဆိုရင် စေတီတည်တာတွေခွင့်မပြုဘူး။သို့သော်လည်း ဒီရုရှားမှာတော့ နှစ်နိုင်ငံအဆင်ပြေနေတာလည်းဖြစ်တယ်။ဗုဒ္ဓဘာသာနဲ့လည်းမစိမ်းဘူးလို့ပြောလို့ရတယ်”ဟုစေတီတော်တည်ထားကိုးကွယ်ရေးနှင့်ပတ်သက်သည့် ပွဲသို့တက်ရောက်ခဲ့သော ဆရာတော် အရှင်ကုသလသာမိက မိန့်ကြားခဲ့ပါတယ်။

ရွှေစည်းခုံပုံတူစေတီတော်တည်ဆောက်ရေးလုပ်ငန်းများမှာ မကြာမီစတင်တော့မှာဖြစ်ပြီး (၁)နှစ်တာ ကာလ အတွင်းစေတီတော်ကြီးကို အပြီးသတ် တည်ဆောက်သွားရန်အတွက် ရည်မှန်း ထားခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ်။
#CREDIT