Dhamma

အင်မတန် ဖူးရခဲတဲ့ ငါးမျက်နှာဘုရား တည်ရှိရာ နေရာ

ခေတ်သစ်ဒီဇိုင်းများ နှင့်ထူးခြားသော ဗိသုကာ လက်ရာ များဖြင့် တည်ထားသော တောင်ထိပ်‌ပေါ် ဘုရားကျောင်းဆောင်လေးဟာ ဗုဒ္ဓဘာသာတို့ သာမန်ထက် ပိုပြီး တရားအားထုတ် ဖို့အတွက် နေရာလေးတစ်ခုဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ဘက် Tambon Khaem Son ဒေသ အလယ်ပိုင်းတွင် ရှိသော Wat Pha Sorn Kaewဗိမာန် သည်ဘုန်းတော် ကြီးများ နှင့် ဗုဒ္ဓဘာသာ တရား အားထုတ်သူများ အတွက်ဓမ္မ ဆိတ်ငြိမ် ရာနေရာတစ်ခုလည်းဖြစ် ပါတယ်။

တရားဟောပြောရန် အတွက် ခန်းမ ၊ စေတီ နှင့် ပန်းဥယျာဉ်များ ပတ်ပတ်လည် ရှိသော တောင်ထိပ်ဘုရား‌ကျောင်း စေတီသည် သန့်ရှင်းသပ်ရပ်ပြီး အလွန်အံ့သြ ဖွယ်ကောင်း‌လောက်အောင် ဒီဇိုင်းဆင်ဆောက်လုပ်ထား ပြီး အသစ်ဆန်း ဗိသုကာ လက်ရာများဖြင့် ပုံဖော်ထားသော နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

Khao Kho ဒေသရဲ့တည်နေရာကို‌ ရွေး ချယ်လိုက်ခြင်းဟာ သဘာဝ တောတောင် အလှများဖြင့် တရားဘာဝနာ ကျင့်ဖို့ နေရာကောင်း တခုဖြစ်သောကြောင့်ဖြစ် ပါတယ်။

စိမ်းလန်းသောတောတောင်တန်း၏ အေးချမ်းတိတ်ငြိမ် မှုနှင့် အညီ ဘုရားတည်ထားခြင်းက အလွန်ထူးခြားတဲ့ပုံစံ တခုဖြစ်တယ် ။

ရေခဲဖြူရောင် ဗုဒ္ဓရုပ်ပွား‌တော် ငါးဆူကို ကိုယ်စားပြု ထားသော ‌ဘုရားဟာ ကမ္ဘာတစ်ဝန်း လာကရောက်လည်ပတ် ကြသော ဘုရားဖူးများ လည်ပတ်မှု အများဆုံး ဘုရားတစ်ဆူ လည်းဖြစ် ပါတယ်။

ဗုဒ္ဓဘာသာ လူမျိူးများသည် အတူတကွ တရားများ ကျင့်ကြံ အားထုတ်ကြ ကာ သဘာဝတောတောင်ချိူင့်ဝှမ်းများကို ကြည့်ရှူပြီး စိတ်အေးချမ်း သက်သာစေ ကြပါ တယ်။

ရုပ်ပွားတော် ငါးဆူဟာ တစ်ဆူနဲ့ တစ်ဆူ အရွှယ်အစား အနည်းငယ် ပိုကြီးသည့် ပုံစံဖြင့်ထုလုပ်ပူဇော်ထားပြီး ခေတ်မှီသော ရိုးရာထိုင်းဗိသုကာ လက်ရာများဖြင့် အသစ်ဆန်းဖြစ်စေသော ဒီဇိုင်းဖြင့်တည်‌ ဆောက်ထား ပါတယ်။

ဓလေ့ထုံးတမ်းတွင် မတည်ဆောက်ဖူးသော ဒီဇိုင်းကို ကြာပန်းပွင့် ပုံသဏ္ဍာန် အထပ်ထပ်ဖြင့် အဆင့်ငါးဆင့်သတ်မှတ် ထားကာ ကြီးမာသောမှန် များဖွဲ့စည်းပြီး တစ်ထပ်ချင်းစီကို အလယ်ဗဟိုတွင် အဆင့်ဆင့်ချိတ်ဆက် ထားကြ ပါတယ်။

မြေမျက်နှာပြင်ကို ၅ သန်းကျော်သော ပန်းချီမှန် အုပ်ကြွပ်များ၊ ကျောက်စရစ်များ၊ အိုးထည် အပိုင်းစများ၊ နှင့်တရုတ်ပစ္စည်း အစုံလိုက်တို့ဖြင့် ဖုံးလွှမ်းမွန်းမံ ထားပါတယ်။

ဘုရားရဲ့အတွင်းမှာ ရှိတဲ့ ဖန်ကျောက်စရစ် အလယ်၌ထိုင်ခြင်းဟာ ကံဇာတာနှင့် ကံကောင်းခြင်းများကိုယူဆောင်နိုင်တယ်ဟု ဆိုလို ပါတယ်။

Wat Pha Sorn Kaew (Wat Pra Tat Pha Kaew သို့ Watpratarpharsornkaew ဟုလည်းလူသိများသောဘုရား) သည် ၂၀၀၄ ခုနှစ်တွင်အပြီး သတ်တည် ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဘုရားကျောင်း၏ ရုပ်ထု လက်ရာများကို အဆင့်မြှင့်တင် ခဲ့ပါတယ်။

သမိုင်းတိုလေး တစ်လျောက် တွင်းမှာပဲ ထိုဝေးလံတဲ့ တည်နေရာက ဘုရားကျောင်းဟာ ဗုဒ္ဓတရားကျင့်စဉ်တွေ အတွက် အဓိကနေရာ တစ်ခုဖြစ်လာ ခဲ့ပါ တယ်။

Wat Pha Sorn Kaew သည်ထိုင် းနိုင်ငံမြောက်ပိုင်း ရှိဝေးလံခေါင်သီသောတောင်ကုန်းများနှင့် မသက်ဆိုင်‌‌ လောက်အောင် ခံစား‌စေ ရသည့် အကြံဖြင့် Catalan ဗိသုကာ ပညာရှင် Antoni Gaudi ၏ လက်ရာပုံစံသည်တခြားဘယ်သူနဲ့မှ မတူပဲ ကြည့်ရှူ ရသည်မှာ ရင်သပ် ရူမောဖွယ်‌ကောင်းပြီးရ ှူခင်းမှာအလွန်သာယာလှပ ပါတယ်။

သိုပေမဲ့ တောင်ပေါ်ကဘုရား ဟာ ရှေးဟောင်းရိုးရာဗုဒ္ဓ ရုပ်ပွားတော်များနှင့် အတူညီ ပင်ဖြစ်ပါတယ်။

Wat Pha Sorn Kaew သည် ၂၀၀၄ ခုနှစ်တွင်ပြီးစီးခဲ့သော လည်ပတ်လို့‌ ကောင်းသည့်‌ နေရာအသစ်တစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွာ းများကို ဆွဲဆောင် နိုင်သောနေရာ လည်း ဖြစ် ပါတယ်။

သို့ပေမဲ့ သွားရောက်လည်ပတ်ရန် အလွန်ခက်ခဲ ပါတယ်။ Bangkokမြို့ မြောက်ဘက် ၅ နာရီခန့်သွားပြီးလျှင် Phetchabun ဒေသရှိ Lom Sak နှင့် Phitsanulok မြို့ကြားတွင် တည်ရှိ ပါတယ်။

ယခုလက်ရှိကာလ တွင်ဗိမာန်တော် သို့ရောက်ရှိရန် တစ်ခုတည်းသော နည်းမှာ ကိုယ်ပိုင်ယာဉ်များဖြင့်သော်လည်းကောင်း ခရီးပို့ဆောင်ရေးဖြင့်သော်လည်းကောင်း သွားရောက် လည်ပတ် နိုင်ပါ သည်။

Credit : နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ