Knowledge

စိန် အလုံးပေါင်း ၃၆၀၀ နဲ့ စီခြယ် ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Mask

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင် လာချိန်ကစလို့ လူမှုဘဝ ပုံစံသစ်နဲ့ အသားကျလာတဲ့ နေ့စဉ်ဘဝမှာ နှာခေါင်းစည်း Mask ကလည်း မရှိမဖြစ် အသုံးပြုရမယ့်ပစ္စည်း ဖြစ်လာခဲ့ပါပြီ။ တခါသုံး Mask ကနေ ကိုယ်တိုင် ဒီဇိုင်းထွင်ချုပ်ထားတာအဆုံး တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပါတယ်။သူ့ထက်ငါ ဆန်းပြားအောင် ထွင်လာတဲ့နေရာမှာ အစ္စရေးနိုင်ငံ အခြေစိုက်၊ ဂျေရုဆလင်မြို့က လက်ဝတ်ရတနာ ကုမ္ပဏီတခုကနေ ကမ္ဘာ့ဈေးအကြီးဆုံး Mask ကို ပြုလုပ်ပေးနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လာရောက် အပ်နှံထားသူဟာ အမည်မသိ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တယ်လို့ နီးစပ်သူတွေကြားမှာ သတင်းထွက်နေပါတယ်။Yvel လက်ဝတ်ရတနာ အမှတ်တံဆိပ်ကနေ ရွှေဖြူနဲ့ စိန်စီထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်းတန်ဖိုး ရှိ Mask ကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်အလုံးပေါင်း ၃,၆၀၀ နဲ့ စီခြယ်ထားတဲ့ Mask ကို COVID-19 ရောဂါ ကာကွယ်ဖို့အပြင် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က သူ့ရဲ့ကြွယ်ဝ ချမ်းသာမှုကိုပါ ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ အပ်နှံထားတာ ဖြစ်ပါတယ်

Mask ဒီဇိုင်နာလည်းဖြစ်၊ Yvel လက်ဝတ်ရတနာ အမှတ်တံဆိပ် ပိုင်ရှင်လည်းဖြစ်တဲ့ Isaac Levy က သူ့ဖောက်သည်အတွက် ကမ္ဘာ့တန်ဖိုးအကြီးဆုံးဖြစ်လာမယ့် Mask ကို ဒီနှစ်အကုန်ပိုင်းလောက်မှာ အပြီးသတ်ဖို့ ရည်ရွယ်ထားသလို၊ အဆိုပါ Mask ကို စိန်အဖြူနဲ့ အမည်း အလုံးပေါင်း ၃၆၀၀ နဲ့ ၁၈ ကာရက်ရှိ ရွှေဖြူကိုအခြေခံ ပြုလုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။တန်ဖိုးအကြီးဆုံး Mask မှာယူထားသူကို ဘယ်သူဘယ်ဝါလို့ ထုတ်ဖော်မပြောပေမယ့် အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စိန်တွေနဲ့ စီခြယ်ထားတဲ့ Mask ဟာ မြင်လိုက်သူတိုင်းကို အရောင်အဝါ တောက်ပမှုတွေ မြင်တွေ့နိုင်မှာ ဖြစ်သလို၊ တကယ့်ဆေးရုံသုံး Mask တွေအတိုင်း ဗိုင်းရပ်စ် မဝင်အောင် filter တွေနဲ့ စစ်ထုတ်ပေးထားမှာပါ။

သူ့အလေးချိန်က ၂၇၀ ဂရမ်ရှိလို့ ပုံမှန်တခါသုံး Mask တွေထက် အဆ ၁၀၀ လေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုံမှန် တပ်နေကျ Mask လိုတော့ သက်သောင့်သက်သာ မရှိပေမယ့် ပိုင်ဆိုင်မှုကို ကြွားဝါချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ပိုများနေပါတယ်။“ငွေက အရာတိုင်း မဝယ်နိုင်ပေမယ့် COVID-19 ကာကွယ်ဖို့အတွက် တန်ဖိုးအကြီးဆုံး Mask ဝယ်နိုင် တယ်ဆိုရင် အဲ့ဒါကို ဝတ်ပြီး လမ်းပေါ်လျှောက်ကြည့်လိုက်လေ။ လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ပြီပေါ့။ ဒီတချက်တည်းနဲ့တင် သူပျော်ရွှင်ရတာပဲလေ” လို့ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် Levy က ပြောပြပါတယ်။လတ်တလောမှာ Levy ဖန်တီးပေးနေတဲ့ တန်ဖိုးအကြီးဆုံး Mask တခုတည်း အသံ ထွက်နေတာ မဟုတ်ပါဘူး။ အရင်လက ဂျပန်နိုင်ငံမှာလည်း နည်းပညာမြင့် Mask တမျိုးဟာ တပ်ဆင်ထားတဲ့သူ ပြောလိုက်တဲ့စကားကို ဘာသာ ၉ မျိုးထိ ဘာသာပြန်ပေးနိုင်တဲ့ Mask လည်း လူပြောများနေပါတယ်။

unicode

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင် လာချိန်ကစလို့ လူမှုဘဝ ပုံစံသစ်နဲ့ အသားကျလာတဲ့ နေ့စဉ်ဘဝမှာ နှာခေါင်းစည်း Mask ကလည်း မရှိမဖြစ် အသုံးပြုရမယ့်ပစ္စည်း ဖြစ်လာခဲ့ပါပြီ။ တခါသုံး Mask ကနေ ကိုယ်တိုင် ဒီဇိုင်းထွင်ချုပ်ထားတာအဆုံး တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပါတယ်။သူ့ထက်ငါ ဆန်းပြားအောင် ထွင်လာတဲ့နေရာမှာ အစ္စရေးနိုင်ငံ အခြေစိုက်၊ ဂျေရုဆလင်မြို့က လက်ဝတ်ရတနာ ကုမ္ပဏီတခုကနေ ကမ္ဘာ့ဈေးအကြီးဆုံး Mask ကို ပြုလုပ်ပေးနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လာရောက် အပ်နှံထားသူဟာ အမည်မသိ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တယ်လို့ နီးစပ်သူတွေကြားမှာ သတင်းထွက်နေပါတယ်။Yvel လက်ဝတ်ရတနာ အမှတ်တံဆိပ်ကနေ ရွှေဖြူနဲ့ စိန်စီထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်းတန်ဖိုး ရှိ Mask ကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်အလုံးပေါင်း ၃,၆၀၀ နဲ့ စီခြယ်ထားတဲ့ Mask ကို COVID-19 ရောဂါ ကာကွယ်ဖို့အပြင် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က သူ့ရဲ့ကြွယ်ဝ ချမ်းသာမှုကိုပါ ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ အပ်နှံထားတာ ဖြစ်ပါတယ်။

#credit