Local News

မိခင်က ငိုပြီးတားတဲ့ကြားက ရဟန်းဝတ်ပြီး မြန်မာနိုင်ငံမှာ သီတင်းသုံးနေတဲ့ နယ်သာလန်နိုင်ငံက ဦးဇင်း

Zawgyiဖြင့်ဖတ်ရန်

မိခင်က ငိုပြီးတားတဲ့ကြားက ရဟန်းဝတ်ပြီး မြန်မာနိုင်ငံမှာ သီတင်းသုံးနေတဲ့ နယ်သာလန်က ဦးအဂ္ဂ

မော်လမြိုင်က အပြန် သထုံ ရွှေဆံတော် ဘုရားရှေ့ ကားကြုံတားနေတာ ရှေ့က ကားက ရပ်မပေးတာတွေ့လို့ ကိုယ်တွေက ရပ်ပီး မေးလိုက်မိတာ လှည်းကူးကို တဲ့။

အဲ့အချိန်မှာ သင်္ဃန်းကို လက်ကတော့ထိုး အပြည့်ရုံထားပီး ခြေဗလာနဲ့ ကဲ ကားပေါ်တင်ခေါ် လမ်းကြုံပေါ့.. မေးကြည့်တာ ဘယ်ကလဲ ဆိုတော့ နယ်သာလန် ကတဲ့ ရန်ကုန်ကို ဗီဇာ အတွက် သွားမှာတဲ့ ..

သထုံ တောရမှာ ဝါဆိုမှာတဲ့ ဗမာစကားကို ကြိုးစားပီးပြောရှာတယ်။ကိုယ်လဲ နဲနဲပါးပါး ထောပတ်လေချဉ်တက်တော့ (အင်္ဂလိပ်စကားနဲနဲတတ်တာကို ပြောတာပါ)

ဝမ်းသာပီး ပျော်လို့ အဲဒါနဲ့ ထောပတ်အိုးကို ငပိကော်တဲ့ ယောင်းမ နဲ့ မွှေရင်းစပ်စုပါလေရော… အချုပ်ပြောရရင် … သင်္ဃန်း ( သံဃာရဲ့ ယူနီဖေါင်း ) လက်ကတော့ထိုး သေချာရုံထားတယ်။

ဖိနပ်မစီးဘူး။ကားနောက်ခန်းက ထိုင်လာတယ် အပိုစကားမပြော မျက်လွှာချ သီတင်းသုံးလာတယ်။အဖေအမေ က မကန့်ကွက်ဖူးလားမေးတော့ အမေကငိုတယ် သားလေးတယောက် စွန့်ပစ်လိုက်ရလို့ ဆိုသတဲ့။

အသက်မေးတော့ ( ၃၇ )ရဟန်းဝါ က ( ၈ ) ဝါတဲ့။ ဦးဂိုအင်ကာ ဆီမှာ တရားစထိုင်ရင်းက စတာတဲ့ အရင်ဆုံး မုံရွာဖက်က မဟာမြိုင်တောနက်ထဲမှာစပြီးသီတင်းသုံးခဲ့တာတဲ့…

မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ကျောင်းနဲ့ သူနေတဲ့ နေရာက ၄၅မိနစ်လောက်ခရီးရှိသတဲ့… ၂ ကြိမ် ဖူးခွင့်ရခဲ့သတဲ့… သူဆရာတော်ကြီးကို ဖူးရချိန်မှာ သူရခဲ့တာလေးကို ရှင်းပြတာတော့…..(အဲ့မှာ ဘာမှမရှိဘူး …ဒါပေမယ့်အားလုံးရှိတယ်)(အကုန်ရှိတယ်… ဘာမှတော့မရှိဘူး)တဲ့တစ်ခုပြောသေးတယ် သူရောက်စတုံးက မဟာမြိုင်တော ဆိုတာ တောနက် (Jungle) ပါတဲ့

သူအဲ့ကနေပြန်ခဲ့တဲ့အချိန်မှာ ပြောင်သလင်းခါနေပီတဲ့ အိုင်အမ်ဆိုးဆက်ဒ်တဲ့…ရှက်စရာကောင်းလိုက်တာ လမ်းမှာ Feel စားသောက်ဆိုင် ခန ဝင်နားတော့ ဘေးဝိုင်းက လူတွေက သူကားပေါ်ပြန်ကြွခါနီး ပိုက်ဆံလှူတာကို လက်မခံဘူး ပိုက်ဆံမကိုင်ပါဘူးတဲ့ကဲ။

မြန်မာ လူမျိုး ဘုန်းကြီးဆိုတဲ့ ဘဲတို့….ဖိနပ်မစီးတဲ့သံဃာနဲ့ Lexus နံပါတ်ပြားအဝါ နဲ့မှဆိုတဲ့ …ဘုန်းကြီး ငနဲတို့..ဘယ်လိုတွေတောင် ကွာခြားနေတာလဲ

ဒီလိုနဲ့ ပဲခူးရောက်ခါနီး ဝါဆိုလပြည့်နေ့ နီးလို့ ဝါဆိုသင်္ဃန်း ကပ်ပါရစေဆိုတော့ ရပါတယ်တဲ့..တခုတော့ပြောတယ် ..မင်းသဘောပါတဲ့ တကယ်တော့ ငါ့မှာ သင်္ဃန်းတွေ ဆိုတာ အများကြီးပိုနေတာမလိုဘူးတဲ့..

ကိုယ်ပတ် ဆိုတဲ့ ချည်သားအပိုင်းလေးရရင် ပဲ အဆင်ပြေပါပြီတဲ့ အခင်းလိုပဲ ခင်းတာဖြစ်ဖြစ် … သထုံ ဖက်က မိုးများလို့ အကာလေးပဲ ဖြစ်ပစေတဲ့

အဲတာနဲ့ ပဲခူးမြို့က နာမည်ကြီး သင်္ဃန်းဆိုင် ၂ဆိုင် အထိပင့်ပြီး သူလိုချင်တဲ့ ကိုယ်ပတ် သ င်္ဃန်းအပိုင်း ချည်သားစစ်စစ် ရဖို့ လိုက်ဝယ်တာ အဲ့ဆိုင်တွေက စပန့်သားကို ချည်သားပါဆိုပီးအတင်း ပြောရောင်းတယ်သူကလဲ တကယ့် အသေအချာ အလုပ်တခု ကို လုပ်တဲ့သူ ပီပီ သူသင်္ဃန်း အစနဲ့ကို ယှဉ်ပြသေးတာ…ရှက်စရာကောင်းပါတယ်။

ကျနော်တို့လူမျိုးတွေ နိုင်ငံခြားသား ဘုန်းကြီး ပါကွာ..သာမန် သူတောင်းစားဘုန်းကြီးအဆင့်လောက်ထင်ပြီး ဂျင်းထဲ့ချင်တာ

ဒါတောင် နိဗ္ဗာန်ကုန်ရောင်းနေတာ သူကသဘောထားကြီးစွာနဲ့ ကျနော် သိပ်လှုချင်နေမှန်းသိလို့ လက်ခံလိုက်တယ်။ဆိုင်ပြန်သွင်းလို့ရမယ့် သင်္ဃန်းမဟုတ်ဘူးနော် ပုဆိုးပိုင်း လူသေ လွှမ်းတဲ့အဝတ်စပိုင်းလောက် ဟာလေးနော်…

ချည်သားအစစ် မိတ်အင်ထိုင်းလန်းဆိုပီး … ငရဲမှာတောင် ကျွန်စိတ်မွေးတာ ဗမာ ဗုဒ္ဓဘာသာအချို့က လိမ်ရောင်းတာ (အိဒမ်မေပုံညံ နိဗာန်နသ ပစ်စယောဟောတု )လို့ ကျနော်ကို လိုက်ဆိုခိုင်းပြီး အဲ့အဝတ်စ ကိုယ်ပတ်ကို အလှုခံသွားတာ

ကျနော်မေးတယ် ပိုက်ဆံ မကိုင် ဖိနပ်မစီး ဒီလိုပဲ တနေရာကတနေရာကို ကြွနေလားဆိုတော့ ပိုက်ဆံပေး လိုင်းကားစီးတော့ အပေးအယူ သဘောတဲ့ သူကျနော်ရှေ့က ကားရပ်မပေးဘဲ ကျနော်က ရပ်ပေးလိုက်ပို့ လှုဒါန်းတာ ဒီအခွင့်အရေးကို သူ လူတွေကို ပေးထားပြီးသားတဲ့ ကျနော်က ယူတတ်လို့ ရတာတဲ့ … မယူနိုင်တဲ့သူကသာမရတာတဲ့ ဘဝမှာ အကျေနပ်ဆုံးပါ ။

သံဃာ သရဏံ ဂစ်ဆာမိ.. နယ်သာလန်..မဟာမြိုင်တော ( သစ်ပင်တွေမရှိတော့ဆိုပဲ)ဖားအောက် မော်လမြိုင် … အာနာပါန… ပရိယတ္တိ.. ပရိပတ္တိ

Credit Original Writer

unicode