Celebrities

ရရှိထားသမျှ အကယ်ဒမီဆု (၆) ဆုနဲ့ ပက်သတ်ပြီး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးတစ်ခု ပြည့်ဝသွားတာကြောင့် ကျေနပ်နေတဲ့ ရန်အောင်

အကယ်ဒမီမင်းသားကြီး ရန်အောင်ကတော့ “မယ်သီတာလို မိန်းကေလး”၊ “ပုဂံမှာသာတဲ့လ”၊ “အလင်းဖျော့ကောင်းကင်”၊ “ညမင်းသား”၊ ” မောဟမျဉ်းပြိုင်”၊ “ဂုဏ်ရှိန်မြင့်တဲ့လူရယ်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုကြီး (၆)ဆုတိတိကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရန်အောင်က အနုပညာသက် နှစ်သုံးဆယ်ကျော်သည့်တိုင် အောင်မြင်မှုတွေများစွာကို ဆွတ်ခူးပိုင်ဆိုင်ခဲ့ပြီး

ယနေ့ထိတိုင် ပရိသတ်တွေအပေါ် လွှမ်းမိုးမှုရှိနေဆဲ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မင်းသားကြီး ရန်အောင်က ရရှိထားသမျှ အကယ်ဒမီဆု (၆) ဆုနဲ့ ပက်သတ်ပြီး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးတစ်ခု ပြည့်ဝသွားတဲ့အကြောင်းကို ရင်ဖွင့်ပြောပြထားပါတယ်။

“ဒီလို ဝတ်စားဆင်ယင်ပြီး ထူးချွန်ဆုတွေနဲ့ အမှတ်တရ ရိုက်ချင်ခဲ့တဲ့ ဆန္ဒလေးပြည့်တယ်လို့ဆိုရမယ်ခင်ဗျာ။ ၆ဆုမြောက် ထူးချွန်ဆုရပြီးကတည်းက စိတ်ကူးခဲ့မိတာ။ ခုမှဘဲပြည့်တော့တယ်…??? ဇွတ် စီစဉ်ဖန်တီးလို့ရပေမယ့် အချိန်၊ နေရာဒေသ၊ အဝတ်အစား၊ ဓါတ်ပုံပညာရှင်,၊

အများကြီးလိုက်စုဖို့ဆိုတာ ရုပ်ရှင်ရိုက်သလောက်နီးပါး အလုပ်များမှာမို့ အချိန်ပေးဖို့ မလွယ်ကူပါဘူး။ ညီတော် Nay Min Tun က သူ့ ဓါတ်ပုံစတူဒီယိုမှာ ထားဖို့ ကျွန်တော်နဲ့စိုးစိုးကို ထီးဟန် နန်းဟန်၊ တော်ဝင်မြန်မာ အဆောင်အယောင်တွေနဲ့ ရိုက်ပါတယ်။ အဲ့ဒီကျမှ ကျွန်တော့် ဆန္ဒလေးလဲပြည့်ခဲ့ပါတယ်။” ဆိုပြီး မျှဝေထားပါတယ်။

ရန်အောင်ကတော့ သူ့ရဲ့နောက်ဆုံး အကယ်ဒမီဆုကြီးကို (၂၀၀၆) ခုနှစ်မှာ ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

unicode

အကယ်ဒမီမင်းသားကြီး ရန်အောင်ကတော့ “မယ်သီတာလို မိန်းကေလး”၊ “ပုဂံမှာသာတဲ့လ”၊ “အလင်းဖျော့ကောင်းကင်”၊ “ညမင်းသား”၊ ” မောဟမျဉ်းပြိုင်”၊ “ဂုဏ်ရှိန်မြင့်တဲ့လူရယ်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုကြီး (၆)ဆုတိတိကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရန်အောင်က အနုပညာသက် နှစ်သုံးဆယ်ကျော်သည့်တိုင်

အောင်မြင်မှုတွေများစွာကို ဆွတ်ခူးပိုင်ဆိုင်ခဲ့ပြီး ယနေ့ထိတိုင် ပရိသတ်တွေအပေါ် လွှမ်းမိုးမှုရှိနေဆဲ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မင်းသားကြီး ရန်အောင်က ရရှိထားသမျှ အကယ်ဒမီဆု (၆) ဆုနဲ့ ပက်သတ်ပြီး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးတစ်ခု ပြည့်ဝသွားတဲ့အကြောင်းကို ရင်ဖွင့်ပြောပြထားပါတယ်။

“ဒီလို ဝတ်စားဆင်ယင်ပြီး ထူးချွန်ဆုတွေနဲ့ အမှတ်တရ ရိုက်ချင်ခဲ့တဲ့ ဆန္ဒလေးပြည့်တယ်လို့ဆိုရမယ်ခင်ဗျာ။ ၆ဆုမြောက် ထူးချွန်ဆုရပြီးကတည်းက စိတ်ကူးခဲ့မိတာ။ ခုမှဘဲပြည့်တော့တယ်…??? ဇွတ် စီစဉ်ဖန်တီးလို့ရပေမယ့် အချိန်၊ နေရာဒေသ၊ အဝတ်အစား၊ ဓါတ်ပုံပညာရှင်,၊

အများကြီးလိုက်စုဖို့ဆိုတာ ရုပ်ရှင်ရိုက်သလောက်နီးပါး အလုပ်များမှာမို့ အချိန်ပေးဖို့ မလွယ်ကူပါဘူး။ ညီတော် Nay Min Tun က သူ့ ဓါတ်ပုံစတူဒီယိုမှာ ထားဖို့ ကျွန်တော်နဲ့စိုးစိုးကို ထီးဟန် နန်းဟန်၊ တော်ဝင်မြန်မာ အဆောင်အယောင်တွေနဲ့ ရိုက်ပါတယ်။ အဲ့ဒီကျမှ ကျွန်တော့် ဆန္ဒလေးလဲပြည့်ခဲ့ပါတယ်။” ဆိုပြီး မျှဝေထားပါတယ်။

ရန်အောင်ကတော့ သူ့ရဲ့နောက်ဆုံး အကယ်ဒမီဆုကြီးကို (၂၀၀၆) ခုနှစ်မှာ ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။credit