Celebrities

ပိုက်ဆံနဲ့စားစရာတွေလာလှူလို့ ဝမ်းသာပြီး ငိုကြွေးနေတဲ့ လူကြမ်းသရုပ်ဆောင်ဦးတင်မြင့်ကိုကြည့်ကာ မျက်ရည်ကျခဲ့ရတဲ့ ဖြူဖြူထွေး

မင်းသမီးချောလေးဖြူဖြူထွေးကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။အောင်မြင်နေပြီဖြစ်တဲ့ အနုပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ သူမကတော့ ကြော်ငြာတွေများစွာကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ စိတ်ထားကောင်းပြီး အကူအညီလိုအပ်နေတဲ့သူတိုင်းကို တတ်နိုင်သလောက်ကူညီလေ့ရှိပါတယ်။ သူမကတော့ ယခုမှာ ပိုက်ဆံနဲ့စားစရာတွေလာလှူလို့ ဝမ်းသာပြီး ငိုကြွေးနေတဲ့ လူကြမ်းသရုပ်ဆောင်ဦးတင်မြင့်ကိုကြည့်ကာ မျက်ရည်ကျခဲ့ရပါတယ်။ သူမကတော့ လူကြမ်း သရုပ်ဆောင်ဦးတင်မြင့်ကို ငွေကျပ် (၂) သိန်း၊ ဆန်၊ဆီနဲ့ စားစရာတွေလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ ဆင်းရဲစွာနဲ့ ပညာသင်ရင်း၁၀တန်းကို ဂုဏ်ထူး(၄)ဘာသာနဲ့ ထူးချွန်စွာအောင်မြင်တဲ့ ညီမလေးဆီလည်း ပိုက်ဆံနဲ့စားစရာတွေ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ သူမကတော့ ” ပီတိ ဖြစ်လို့မဆုံး တဗြုန်းဗြုန်းပါပဲ “ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ အဆိုပါဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

credit

ပီတိ ဖြစ်လို့မဆုံး တဗြုန်းဗြုန်းပါပဲ??????????????

Posted by Phyu Phyu Htwe on Sunday, August 16, 2020