Knowledge

ထီထိုးသူအရေအတွက် များလာမှုကို အခွင့်ကောင်းယူ၍ ထီ ဈေးနှုန်း သမိုင်း တလျှောက် စံချိန် တင် အမြင့်ဆုံးရောက် ရှိ

လက်ရှိတွင် အောင်ဘာလေထီရုံးမှ ထုတ်ဝေသော ထီ တစ်စောင်တန်ဖိုး သည် ကျပ် ၉၀၀ ဝန်းကျင်ခန့်ရှိ ကြောင်း၊ ပြီးခဲ့သည့်လတွင် အက္ခ ရာ အလုံးရေ ၃၉ လုံး ထုတ်ဝေရာမှ သြဂုတ်လ (၁၉) ကြိမ်မြောက် ထီဖွင့်ပွဲ အတွက် အက္ခရာနှစ်လုံးလျှော့ကာ ၃၇ လုံးဖြင့် ထုတ်ဝေသွား မည်ဖြစ် ကြောင်း သိရပါတယ်။ထီအက္ခရာတစ်လုံးတွင် အစောင် ရေ ၈၉၀၀၀၀ကျော် ထုတ်ဝေသည့် အတွက် အက္ခရာနှစ်လုံးလျှော့ထုတ် မည်ဖြစ်သောကြောင့် ထီအစောင်ရေ ၁၈ သိန်းနီးပါးလျှော့ထုတ်ကာ ကျပ် သိန်း၁၅၀၀၀မှ ကျပ် ၅၀၀၀၀ အထိ ထီဆုများပေါက်နိုင်ခြေ ယခင်ထက် များပြားလာမည်ဖြစ်ကြောင်း ထီ အရောင်းအဝယ်အသိုင်းအဝိုင်းမှ သိရပါတယ်။

ယခုအခါ ထီအရောင်းအဝယ် လောကတွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေသည် ထိပ်သီးကိုယ်စား လှယ်ဆိုင်ကြီးများဖြစ်ပြီး ရွှေမြန်မာ၊ မဟာလာဘံ ကိုယ်စားလှယ်ဆိုင်ကြီး များမှဖွင့်သော ကိုယ်စားလှယ်ထီဖွင့် ဈေးအတိုင်း၊ အခြားထီဆိုင်အသီးသီး မှ ဖွင့်ဈေးအနည်းအများ အတိုင်း ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။(၁၉) ကြိမ်မြောက် အောင် ဘာလေထီ ဖွင့်ပွဲ မတိုင်မီ ယခုသြဂုတ်လလယ်ပိုင်း မှ စတင် ကာ ထီထိုးသူအရေအတွက် များပြားလာမှုကို အခွင့်ကောင်းယူ၍ ထီပင်ရင်း ဆိုင်ကြီးများက ထီတစ်စောင် ငွေကျပ် ၁၂၀၀ မှ ၁၃၀၀ အထိ တိုးမြှင့်ရောင်းချနေသဖြင့် အောင်ဘာလေထီသမိုင်းတစ်လျှောက် ထီတစ်စောင်ဈေးနှုန်း စံချိန်တင် မြင့်တက်နေကြောင်း သိရပါတယ်။

“ထီက ကျွန်တော်တို့ အခုကိုယ် စားလှယ် တစ်ဆင့်ရောင်းအနေနဲ့ ဝယ်ရတာ၊ ဆိုင်ကြီးတွေ ကနေ ဒီလ အတွက်ပေါ့၊ စဖွင့်တုန်းက တစ် စောင် ကို ကျပ် ၁၀၇၀၊ ၁၀၈၀ ဝယ်ရတယ်။ နောက် ဈေးများထပ်ဆင်းမလားလို့ ဒီရက်ပိုင်းတွေမှာသွားဝယ်တော့ ကျပ် ၁၁၀၀၊ ၁၁၁၀၊ ၁၁၂၀ နဲ့တစ်ခါဝယ်ရ တယ်။ ဆိုင်ကြီးတွေရဲ့ကိုယ်စားလှယ် ရောင်းဈေးကတစ်ခုနဲ့တစ်ခုမတူသလို တစ်ရက်နဲ့တစ်ရက်လည်း မတူကြ ဘူး။ ဈေးကအတက်ပဲရှိသလိုဖြစ်နေ တယ်။ မြို့ထဲမှာဆိုလည်း မိုးယံက အများဆုံးဆိုတော့ မိုးယံရဲ့ထီဖွင့်ဈေးကိုနားထောင်ပြီး အောက်က ထီဆိုင် တွေက ရောင်းကြတာ။ အခုရက်ပိုင်း မှာတောင် လက်လီ လှည့်ရောင်းနေ တာ တစ်စောင်ကို ကျပ် ၁၃၀၀ အထိ ရောင်း နေရတယ်။

လကုန်ပိုင်းလောက်ဆိုရင်တော့ တစ်စောင်ကို ကျပ် ၁၄၀၀ လောက်ထိဖြစ်မယ်လို့ထင် တယ်။ ကိုယ်စားလှယ်ဝယ်ဈေးက မြင့်တော့ နောက် ဆုံးထီထိုးတဲ့သူနဲ့ ကျွန်တော်တို့ လက်လီရောင်းတဲ့သူ တွေ စကားတွေ ပြောရတာပေါ့။ ကျွန်တော်တို့လည်း အပြောအဆိုခံပြီး ရောင်းနေရ တာပါပဲ” ဟု ထီကိုယ်စား လှယ် ရောင်းဝယ်သူ ဦးကျော်လွင်က ပြောပါတယ်။

UNICODE

#credit