Celebrities

မင်းသား၊ မင်းသမီးတွေမလို့ အားကိုးပြီး ဆန်လေး သွားရောင်းပါတယ် အိမ်ထဲအဝင်မခံဘဲ အိမ်ဖော်နဲ့သာ တွေ့ခဲ့ရတဲ့အကြောင်း စိတ်မကောင်းစွာရင်ဖွင့်လာတဲ့ ဦးကျော်ထူး

သရုပ်ဆောင် ကျော်ထူးတစ်ယောက်ကတော့ သရုပ်ဆောင် လောကမှာသာမက သဘင်ပညာဘက်မှာလည်း လူရွှင်တော် ကျော်ထူး အဖြစ်ပါ အောင်မြင်တဲ့ အနုပညာသည်တစ်ဦးဖြစ်ပါတယ်နော်။အခုလို ကိုဗစ် ကာလမှာ ရိုက်ကူးရေးတွေ ရပ်နားတဲ့အပေးမှာလည်း

အနုပညာရှင် ဇာတ်ပို့ ဇာတ်ရံတွေမှာ အတော်လေးကို စားဝတ်နေရေး ခက်ခဲလှပါတယ်။ ရိုက်ကူးရေးတွေ မရှိတော့ ဝင်ငွေတွေ ရပ်တန့်ချိန်မှာ ရုပ်ရှင် မင်းသား မင်းသမီးတွေကအစ ဟင်းရောင်း ထမင်းရောင်းကြရတဲ့အထိပါပဲနော်။ဒီအထဲမှာတော့ ဇာတ်ပို့ဇာတ်ရံတွေ

ဖြစ်တဲ့ လူတွေဘဝက ပိုလို့ပင် ဆိုးရွားလှပါတယ်။ အပိုဝင်ငွေလေးရမလားလို့ ကျော်ထူး တစ်ယောက်ကတော့ ဆန်တွေကို ဖောက်သည်ယူရောင်းဖို့ ကြိုးစားရင်း ကိုဗစ်ကာလအခက်အခဲကိုကျော် ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် စိတ်မကောင်းစရာတွေနဲ့ ကြုံခဲ့ရတဲ့ အကြောင်း

ကို ပြောပြလာပါတယ်။အထူးသဖြင့် ဆန်ကို ရုပ်ရှင်မင်းသား မင်းသမီးတွေကို အားကိုးပြီးရောင်းချပေမယ့် သူတို့ဆီ ဆန်နမူနာလေးပေးပြီး ကောင်းမှ အားပေးကြပါလို့ တောင်းဆိုဖို့ သွားခဲ့ပေမယ့် သူ့ကို လူချင်းတွေ့ဖို့နေနေသာသာ ခြံထဲတောင် အဝင်မခံပဲ အိမ်ဖော်နဲ့ပဲ

တွေကခဲ့ရတဲ့အပေါ် အတော်လေးစိတ်မကောင်းဖြစ်နေပါတယ်။ရိုက်ကွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး ၊ ဇာတ်လမ်းတစ်ခုမှာလည်း အနုပညာမောင်နှမတွေ ဖြစ်ခဲ့ပေမယ့် မင်းသား မင်းသမီးနဲ့ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ လုပ်အားခဟာ အဆမတန် ကွာခြားနေတဲ့အပြင်

အခုလိုမျိုး လုပ်ရပ်တွေကြောင့် ကျော်ထူး တစ်ယောက် အတော်လေး စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုထားပါတယ်။ကျော်ထူးကို အားပေးတဲ့ ပရိသတ်ကြီး အနေနဲ့ရော ဘယ်လိုမျိုးခံစားမိပါလဲ။ အခုလို အနုပညာရှင် အချင်းချင်းအခက်အခဲဖြစ်နေချိန်မှာ ကူညီရမယ့်

အစား ဒီလိုအဖြစ်မျိုးတွေဟာ ဖြစ်သင့်လားဆိုတာ ဝေဖန်ပေးပါဦးနော်။

credit

ဆန်လိုက်ပို့တဲ့ အဖိုးအို ဖြစ်နေပြီ ဆိုတဲ့ ကျော်ထူး

“အနုပညာ အလုပ်တွေ နားထားရတော့ စီးပွားရေး အနေ နဲ့ ဆန်ဆိုင်လေး ဖွင့်ဖြစ်ခဲ့တယ်။ အနုပညာရှင် မောင်နှမတွေကို အားကိုးတဲ့ အနေနဲ့ သူတို့ အိမ်တွေကို ကိုယ်တိုင် ဆန် လိုက်ရောင်း ဖြစ်ခဲ့တယ်။ အနုပညာရှင်တွေက သူတို့ အိမ်ထဲတောင် အဝင်မခံ၊ အတွေ့ မခံဘဲ၊ သူတို့ အိမ်ဖော်တွေ နဲ့ပဲ စကားပြော ခဲ့ရတယ်။ ရိုက်ကူးရေး လုပ်တဲ့ အချိန်မှာ ချစ်ခဲ့ကြပြီး အခုတော့ ချစ်စိတ်တွေ ဘယ်ရောက်ကုန်လဲ မသိဘူး” လို့ ပြောလာတဲ့ လူရွှင်တော်/ သရုပ်ဆောင် ကျော်ထူး နှင့် ခဏတာ။ Myanmar Celebrity TV Update: Comedian & Actor Kyaw Htoo talks about his struggles to make ends meet during COVID-19. #MyanmarComedian #KyawHtoo #MyanmarCelebrityBusiness

Posted by Myanmar Celebrity TV on Saturday, August 15, 2020