Knowledge

မျက်ရည် လွယ် ရင် မ ဖတ် ပါနဲ့

ကျွန်တော်ဇနီး သွေးကင်ဆာဖြစ်ပြီး ကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ခုဆို (၃)နှစ် ကျော်နေပါပြီ။

ကျွန်တော်ပြန်စဉ်းစားမိတယ်အိမ်မှု့ကိစ္စလုံးဝမလုပ်တက်တဲ့ ကျွန်တော်နဲ့သားလေးကိုထားခဲ့ရတာ သူဘယ်လောက်ထိ ဝမ်းနည်းနေမလဲဆိုတာ။

ကျွန်တော်ကိုယ်တိုင်လည်း မိဘနှစ်ပါးစလုံးနေရာကနေကောင်းကောင်းမလုပ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုအားမလို အားမရဖြစ်ခဲ့ရပါတယ်။

တစ်ရက်မှှာ ကျွန်တော်အလုပ်ကိစ္စနဲ့ မနက်စောစောခရီးထွက်ဖို့ရှိတော့ ခလေး အတွက် ဘာမှမပြင်ဆင်ပေးရပဲအိမ်ကတန်းထွက်လာခဲ့တယ်။

မနေ့ညက ထမင်းကြမ်းနဲ့ ကြက်ဥကြော်ထားခဲ့ပေးပြီးအိပ်ရာကမနိုးသေးတဲ့ သားလေး ကို ပြောပြီး ထွက်လာခဲ့တယ်။

သားလေးကို ကောင်းကောင်းမွန်မွန် လူတန်းစေ့ထားနိုင်ဖို့အတွက် ကျွန်တော်လည်းအလုပ်ကိုကြိုးစားလုပ်ကိုင်နေရတယ်လေ။

အိမ်ပြန်မိုးချူပ်တဲ့တစ်ညမှာ ကျွန်တော်က သားလေးကိုလိုရင်းတိုရှင်းပဲ နူတ်ဆက်လိုက်ပါတယ်။

အလုပ်က ပင်ပန်းလာတဲ့အတွက်အကျင်္ီချွတ်ပြီး ကုတင်ပေါ် အရှိန်နဲ့ လဲပစ်ချလိုက်တယ်။

အဲ့ဒီအချိန်မှာ ” ဗွန်းကနဲ “ဆိုသလို အနီရောင်ဟင်းရည်တွေခေါက်ဆွဲတွေက အိပ်ယာခင်းနဲ့စောင်တွေကိုတခဏအတွင်းမှာပဲ စွန်းပေကုန်တယ်။

လက်စသတ်တော့ ခေါက်ဆွဲပန်းကန်က စောင်အောက်ကိုရောက်နေတာကို။

ဒီကောင်တော့ တကယ်ပါပဲ……ပြောတာ နှေးတယ်…လုပ်တာ မြန်တယ်……ချက်ချင်းပဲ ကျွန်တော်အဝတ်ချိတ်တစ်ခုယူပြီး ပြေးထွက်သွားလိုက်တယ်။

အရုပ်တွေနဲ့ ထိုင်ကစားနေတဲ့ သားလေးရဲ့ တင်ပါးကိုဘာမှမေးမနေပဲ တန်းရိုတ်တော့ တာပဲ။ကျွန်တော် တော်တော်လေး စိတ်တိုနေတဲ့အတွက်သားကို အဆက်မပျက် ရိုက်ပစ်လိုက်တယ်။

ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ သူငိုပြီး ပြောလိုက်တဲ့စကားကြောင့် ကျွန်တော် ရပ်သွားတယ်။

“ထမင်းအိုးထဲက ထမင်းတွေ …မနက်တည်းက စားလို့ကုန်သွားပြီ်ညရောက်တော့ ဖေဖေက ပြန်မလာသေးဘူး ……အံဆွဲထဲမှာ ခေါက်ဆွဲပြုတ်အထုတ် ရှာတွေ့ခဲ့တယ်ဒါပေမယ့် ဖေဖေပြောထားတယ် မီးဖိုမထိရဘူးလို့ ဒါကြောင့် သားက ရေချိုးတဲ့ ရေနွေးပိုက်ခေါင်းကိုဖွင့်ပြီး ရေနွေးနွေးနဲ့ ခေါက်ဆွဲစိမ်ထားခဲ့တယ်

“တစ်ခုက သားစားဖို့ ……တစ်ခုက ဖေဖေ့ကို စားစေချင်လို့ခေါက်ဆွဲတွေ အေးသွားမှာစိုးလို့ စောင်နဲ့အုပ်ထားပြီး ……ဖေဖေအလုပ်က ပြန်လာတာကို သားကစောင့်နေတာပါ …သား အရုပ်တွေနဲ့ ကစားနေလို့ ……ဖေဖေ့ကို ပြောပြဖို့ မေ့သွားတာပါ ”

ကျွန်တော်မျက်ရည်တွေကို သားလေးကိုမမြင်စေချင်တဲ့အတွက် ရေချိုးခန်းထဲ ပြေးဝင်သွားပြီးရေပိုက်ခေါင်း ကိုဖွင့်ပြီး အားရပါးရ ငိုချလိုက်တယ်။

ခဏနေတော့ ကျွန်တော်အားတင်းပြီးသားလေးကိုပြန်ချော့ရင်း သူ့ရဲ့တင်ပါးလေးကိုဆေးလိမ်းပေးပြီး ချော့သိပ်လိုက်တယ်။

ခေါက်ဆွဲဟင်းရည်ကြောင့် ပေကျန်သွားတဲ့ အိပ်ယာခင်းနဲ့စောင်တွေကို သိမ်းပြီး သားလေးရဲ့အခန်းကိုဖွင့်လိုက်တော့ သူလေးရဲ့ ရိူက်သံ သဲ့သဲ့ကိုလည်းကြားနေရသေးတယ်။

လက်ထဲမှာ သူ့အမေဓါတ်ပုံကို ကိုင်လို့ကျွန်တော် တံခါးရွတ် ကိုမှီလို့ ဒီမြင်ကွင်းကို အကြာကြီးရပ်ကြည့်နေခဲ့မိတယ်။

ဒီကိစ္စပြီးတဲ့ နောက်နှစ်တွေမှာတော့သားလေးကို မိခင်တစ်ယောက်ရဲ့ ဇာတ်ကော င်နဲ့ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ သားလေးကိုအရင်ထက် ဂရုစိုက်ခဲ့ပါတယ်။

အခုဆို သားလေး (၈)နှစ်ပြည့်တော့မယ်။(၃)တန်းအောင်လို့ (၄)တန်း တက်ရတော့မယ်လေ။

ကံကောင်းတာက သားလေးက အရိပ်မည်းအောက်မှာရှိမနေပဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့တယ်။

သိပ်မကြာခင်မှာပဲ ခလေးကို နောက်တကြိမ်ထပ်ရိုက်မိပြန်တယ်။သူ့ကျောင်းက ဆရာ မဖုန်းဆက်လာတယ်။သား……ကျောင်းမတက်ဘူးတဲ့။

ကျွန်တော် စိတ်မအေးနိုင်တော့ဘူး။ရပ်ကွက်ထဲ နေရာအနှံ့သူ့နာမည် အော်ခေါ်လို့လိုက်ရှာပေမယ့် ရှာလို့မတွေ့ခဲ့ဘူး။နောက်ဆုံးတော့တစ်ဖတ်ရပ်ကွက်က ဂိ်မ်းဆိုင်ရှေ့မှာသူ့ကိုတွေ့လိုက်တယ်။ကျွန်တော် ဒေါသလည်းထွက် မောကလည်းမောဆိုတော့အဆက်မပျက်ပဲ ရိုက်ပစ်လိုက်တယ်။

သားလေးကတော့ ဘာဖြေရှင်းချက်မှ မပေးပဲ”သား .……တောင်းပန်ပါတယ် “လို့ တစ်ခွန်းတည်းပြန်ပြောခဲ့တယ်။နောက်မှ သိလိုက်ရတယ် အဲ့ဒီနေ့ကကျောင်းက အမေများနေ့နှင့် စုံညီပွဲလုပ်ပေးတဲ့နေ့ဖြစ်နေပါတယ်။

ဒီလိုကိစ္စ ဖြစ်ပြီးနောက်ပြီး နောက်ပိုင်းသားလေးအိမ်ပြန်ရောက်ပြီး ပြောပြတယ်။သူ……ကျောင်းမှာစာရေးနည်း သင်ခဲ့တယ်တဲ့။ဒီနောက်ပိုင်းတော့ သူအရင်လို မဆော့တော့ပဲအခန်းထဲအောင်းပြီး စာတွေပဲ ထိုင်ရေးနေခဲ့တာကျွန်တော် သတိထားမိခဲ့ပါတယ်။

သားလေးကို ဒီလိုလေး မြင်ရတော့လည်းဆုံးသွားတဲ့ ဇနီး သူ့အမေ ဒီမြင်ကွင်းလေးသာ မြင်ရရင်ပြုံးနေမိမှာပဲ ဆိုတာကို တွေးမိပြီးမျက်ရည်ကို ထိန်းမရခဲ့ပြန်ဘူး။

အချိန်တွေ ……ကုန်ဆုံးတာ အရမ်းမြန်လွန်းတယ်။နောက်တနှစ်မိုးကုန် လို့ သီတင်းကျွတ်လရာသီကိုရောက်ခဲ့ပြီ။

သားလေးက နောက်ထပ်ပြသာနာ တစ်ခု ရှာပြန်ပါပြီ။

စာတိုက်က ဖုန်းဆက်လာတယ်။လိပ်စာမပါတဲ့ စာအထုတ်လိုက်ကို အတင်းပို့ခိုင်းနေလို့တဲ့။

ဒီလိုရာသီ အလုပ်အရူတ်ဆုံး အချိန်မှာ ကိုယ့်သားသမီးကိုကောင်းကောင်းထိန်းသိမ်းပါလို့ ပြောလာတယ်။သားကို မရိုက်တော့ဘူးလို့ ထိန်းထားပေမယ့်စာတိုက်ကလူတွေ ပြောတာကို ရှက်တဲ့စိတ်နဲ့ရိုက်လိုက်မိတယ်။

သားလေးက ဒီတကြိမ်မှာတော့ သူမှားပါတယ်လို့ပြောလာတယ်။တခြား ဘာဖြေရှင်းချက်မှာ သူမပေးဘူး ကျွန်တော်လည်း သူစာတိုက်မှာ လက်သွားဆော့တဲ့စာအထုတ်ကို သူ့မျက်စိရှေ့ မှာပဲ ပစ်ချလိုက်ပြီးပြောလိုက်တယ်……

“ဘာဖြစ်လို့ ……ဒီလိုစာတိုက်မှာ သွားဆော့ရတာလဲ “သားလေးက ငိုပြီး ပြန်ဖြေတယ်……

“ဒီ ……ဒီစာတွေက …မေမေ့ ဆီကို ပို့ပေးဖို့ပါ ”

အဲ့ဒီအချိန်မှာ ကျွန်တော် မျက်လုံးတွေ နီရဲသွားခဲ့ပါတယ် စိတ်ထဲမှာတော့ ဘောင်ဘင်ခတ်လို့ ဒါပေမယ့်သားလေးရှေ့မှာ ဆိုတော့ တက်နိုင်သလောက်ဖုံးဖိထားခဲ့ပါတယ်။ဆက်ပြီးတော့ မေးလိုက်တယ်………

” ဒါဆို ……ဘာလို့ တခါတည်း ဒီလောက်အများကြီးပို့ရတာလဲ” ???

သားလေးက ပြန်ဖြေတယ်…

“ဟို အရင်ကတည်းက ပေးဖို့ ရေးထားတဲ့ စာကို သားက အရပ်ပုတော့ စာတိုက်ပုံးထဲ ထည့်မရဘူးလေအခုတခေါက် သားလာကြည့်တဲ့အခါ အရပ်က မှီနေပြီ ဒါကြောင့် အရင်ကတည်းက မထည့်ရသေးတဲ့ စာတွေကို တခါတည်း ……ထည့်လိုက်ချင်တာပါ ”

ကျွန်တော် သူပြောတာကို နားထောင်ပြီး စိတ် ထဲမှာ လမ်းစပျောက် သွားတယ် သားကို ဘာပြန်ပြောရမလဲကို မသိတော့တာ!!!!

ခဏနေတော့ သားလေးကို ပြန်ပြောလိုက်တယ်။

“အခု ……သား မေမေက ကောင်းကင်ပေါ်မှာ ရှိတယ်နောက်သား .……သတိရလို့ စာရေးပြီးရင် မီးရိူးလိုက်ဒါဆို သားမေမေဆီရောက်ပြီ ”

သားလေးအခု အိပ်ပျော်သွားပါပြီ အိမ်ရှေ့ ထွက်ပြီး သူ့စာလေးတွေ မီးရိူးပေးလို က်တယ်။သားလေး ဘာတွေများ ရေးထားသလဲ ဆိုတာကိုစိတ်ဝင်စားပြီး အဲ့ဒီထဲက စာတချို့ကိုဖောက်ဖတ်လိုက်မိပါတယ်။စာတစ်စောင်က ကျွန်တော်ရင်ကို နက်နက်ရိူုင်းရှိုင်း ထိနာသွားစေတယ်ဗျာ…

စာထဲမွာ သားသား ေရးထားတာက…

ချစ်ခင်ရပါစေ မေမေ…

သား…… မေမေ့ကို အရမ်းသတိရတယ် ဒီနေ့ ကျောင်းမှာ …မေမေတွေနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတယ် သားမှာ မေမေမရှိတော့ မသွားဘူး ဖေဖေ့ကိုလည်း သားမပြောပြဘူး ဖေဖေလည်း မေမေ့ကို သတိရနေမှာ စိုးလို့ အဲ့ဒီနေ့က ဖေဖေ သားကိုလိုက်ရှာတယ် သားပျော်နေတာကိုပဲ ဖေဖေ့ကို မြင်စေချင်လို့သားဂိမ်းဆိုင်ရှေ့မှာ ထိုင်နေလိုက်တယ် ဖေဖေသားကို ဆူပြီး ရိုက်ပေမယ့် သားအကြောင်းရင်း မရှင်းပြတော့ဘူး။

မေမေ ……ဖေဖေက မေမေ့ကို သတိရလို့ငိုနေတာကို သားနေ့တိုင်း တွေ့တယ် ဖေဖေလည်း သားလိုပဲ နေမှာ မေမေ့ကို အရမ်း……အရမ်းသတိရတယ်။ဒါပေမယ့်မေမေ သားအခုအချိန်မှာ မေမေ့မျက်နှာကိုသားသေချာမမှတ်မိတော့ပါဘူး…

မေမေ …သားရဲ့ အိမ်မက်ထဲကို လာပါလား ဟင် မေမေ့မျက်နှာကို သားနောက် တခေါက် မြင်ချင်လို့ပါ။သတိရတဲ့သူရဲ့ ဓါတ်ပုံကို ရင်ထဲမှာပိုက်ပြီးအိပ်ရင်အဲ့ဒီလူကို အိမ်မက်မက်တက်တယ်လို့ သူများတွေပြောတာသားကြားဖူးတယ်။မေမေက ဘာလို့ သားရဲ့ အိမ်မက် ထဲကိုမလာတာလဲ…

စာလည်းဆုံးရော ကျွန်တော်ရှိူက်ကြီးတငင် ငိုချပစ်လိုက်တယ်ဘယ်သော အချိန်မှာမှ ဇနီးရဲ့ နေရာလွတ်လေးကို ကျွန်တော်ဖြည့်ဆည်းပေးနိုင်မှာလဲဗျာ…

#credit