Local News

သပိတ်ကျင်းမြို့နယ်တွင် ကားလမ်းချဲ့ရာမှ ရွှေကြောတွေ့သည်ဆိုကာ ဒေသခံရာနှင့်ချီပြီး လာရောက်တူးဖော်

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် ကားလမ်းတိုးချဲ့ရန် စက်ယန္တရားများဖြင့် တူးဖော်ရာမှ ရွှေကြောတွေ့သည်ဟုဆိုကာ ဒေသခံရာနှင့်ချီ လာရောက်တူးဖော်မှုများပြုလုပ် နေကြကြောင်း သိရပါတယ်…မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ချောင်းကြီးကျေးရွာ သုံးထပ်ကွေ့ အနီးတွင် ကားလမ်းတိုးချဲ့ရန် စက်ယန္တရား များဖြင့် တူးဖော်ရာမှ ရွှေကြောတွေ့သည်ဟု ဆိုကာ ဒေသခံရာနှင့်ချီ လာရောက်၍ တူးဖော် မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သပိတ်ကျင်းမြို့နယ် ချောင်း ကြီးကျေးရွာအုပ်စု သုံးထပ်ကွေ့အနီးတွင် သြဂုတ် ၁၅ ရက်က လမ်းတိုးချဲ့ရန် မြေသား တူးဖော်မှုများ ဆောင်ရွက်ရာမှရွှေကြောပေါ် သည်ဟု ဆိုကာ အဆိုပါသုံးထပ်ကွေ့အနီး နေရာသို့ လူဦးရေ ရာနှင့်ချီ အလုအယက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံတစ် ဦးက ပြောကြားခဲ့သည်။ “သုံးထပ်ကွေ့ လမ်းချဲ့တာကနေပြီး တော့ ရွှေကြောတွေ့တယ်ဆိုလို့ လူတွေ အုတ် အော်သောင်းတင်းနဲ့ လာရှာနေကြတာ။သတင်းစဖြစ်တာကတော့ ညဦးပိုင်းလောက် ပဲ။ ည ၁၀ နာရီလောက်ရောက်တော့ လူက အရမ်းများလာတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ယင်းသို့ ရွှေကြောအကွက်သစ်ပေါ်သည်ဟု သတင်းဖြစ်ပေါ်မှုနှင့်ပတ်သက်၍

ချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးဆန်း က “လူဦးရေက ၆၀၀ လောက်ရှိမယ်။လမ်း ချဲ့တာကနေ ရွှေကြောလေးပုံစံတွေ့တာက နေ ခါးပိုက်လေးထဲ ထည့်ယူသွားတဲ့လူတစ် ယောက်ကနေ စလိုက်တာ ။ ရွှေက ပြောသ လောက် မပါပါဘူး ။ အဲဒီကနေမှ သုံးယောက်စ အုပ်စု လေးယောက်စအုပ်စုတွေ ရောက်လာ ပြီး နောက်ပိုင်း အုန်းအုန်းကျက်ကျက်ဖြစ်သွား တာ။အဲဒီလိုလူအုပ်ကို လမ်းက သုံးထပ်ကွေ့ ဆိုတော့ အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် ယာဉ် ကြောကိုပဲ ရှင်းလင်းပေးနေပြီး လူအုပ်ကို လည်း ပြောလို့ရသလောက် ပြောဆိုပြီး ပြန် လွှတ်နေပါတယ်။ အခုအခြေအနေကို လွှတ် တော်ကိုယ်စားလှယ်၊ စသုံးလုံး ရဲတပ်ဖွဲ့၊ ရာ အိမ်မှူးဆယ်အိမ်မှူး စတဲ့သူတွေနဲ့ ဖြေရှင်း ပေးနေပါတယ်။ ဒီလူတွေကို မနက်မိုးလင်းတဲ့ အထိ လူစုမကွဲမချင်း စောင့်ပြီးတော့ လုံခြုံ ရေးယူပေးမှာပါ။ကားအသွားအလာကအစ အန္တရာယ်မရှိအောင် ထိန်းပေးနေတာပါ။ လူစုကတော့ အစပိုင်းက ၆၀၀၊ ၁၀၀၀ လောက် ထိ ရောက်လာပေမယ့်

တဖြည်းဖြည်းနဲ့တော့ လူစုက ပါးလာပြီး ကွဲစပြုနေပါပြီ။ သတင်းက ကောလာဟလလိုမျိုး ပြန့်သွားတာ” ဟု သြဂုတ် ၁၅ ရက် ည ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် ပြောကြားခဲ့သည်။ “လမ်းနယ်မြေချဲ့ရင်းနဲ့ စက်ကြီးတွေ ထိုးရာကနေ အပေါ်ယံကြောလေးတွေ့တာ။ဒါကို ဘိလပ်မြေအိတ်တွေနဲ့ သယ်ယူနေကြ ပြီး ဘိလပ်မြေအိတ်တစ်အိတ်ကို လေးငါး ခြောက်ထောင်ရတဲ့သူလည်းရှိသလို နှစ် သောင်း၊ သုံးသောင်းရတဲ့သူလည်း ရှိတယ် ။

တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြ ဘူး” ဟု ဒေသခံ ကိုအောင်စိုးက ပြောကြား သည်။ဒေသအခေါ် ရွှေတောဟု ခေါ်ဝေါ်လေ့ ရှိသည့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ယင်းသို့ မြေအပေါ်ယံကြောပေါ် မှ ရွှေတူးဖော်ရရှိမှုများ မကြာခဏ တွေ့ရှိရ လေ့ရှိကြောင်း သိရပြီး ယင်းသို့ တွေ့ရှိသည့် နေရာများတွင် မြေအောက်သို့ ဆက်လက်တူး ဖော်ပါက တွေ့ရှိမှု မရှိသည်များလည်းရှိ ကြောင်း သိရသည်။

credit