Lifestyle

ဘဝတစ်ခုလုံးနှစ်ပြီး ရုန်းကန်ပေးတဲ့ ဖခင် လယ်သမားကြီးကို ဂုဏ်ယူနဲ့စွာပွဲထုတ်ခဲ့တဲ့ သမီးလေး

မိဘတွေ ဆိုတာ ကိုယ်တိုင်က ဆားနဲ့လျှက်စားနေရရင် တောင်မှ သားတွေ သမီးတွေ ထမင်းပန်းကန် ထဲမှာ အရမ်းအရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေ မြင်စေ ချင်ကြပါတယ်။ ကိုယ်တိုင်က လုံခြုံအောင်ဝတ်ဖို့ အနိုင်နိုင် ရုန်းကန်နေရရင်တောင်မှ

သားတွေသမီးတွေကိုတော့ လူတန်းစေ့ ဝတ်စေချင်ကြပါတယ်။ သားတွေသမီးတွေရဲ့ ပညာရေးမှာလည်း သူတို့တက်နိုင်တာထက် ပိုထောက်ပြံ့ ကပြီး၊ လူတော်လူကောင်းတွေ ဖြစ်စေချင်ကြပါတယ်။

အခုလည်း ကျောင်းသူမလေး တစ်ယောက်ကတော့ သူမတို့မိသားစုက အစစအရာရာ မပြည့်စုံပေမယ့် သူမကို တခြားကလေးတွေနဲ့ တန်းတူ ကျောင်း တက်နိုင်အောင်၊ တခြားကလေးတွေလို ဝတ်စား ဆင်ယင်နိုင်အောင်၊ တခြားကေ လးတွေလို သုံးစွဲနိုင်အောင် ကြိုးစားရုန်းကန်ပေးတဲ့ လယ်သမားဖခင်ကြီးကို ဘွဲ့ယူတဲ့ နေ့မှာ ဂုဏ်ယူစွာ ပွဲထုတ် ခဲ့ပါတယ်။

ကျောင်းသူလေး အမည်ကတော့ Ela Marfil Sullano ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းတဲ့ ဘဝဒဏ်တွေကို ရင်စည်းခံခဲ့ရသလဲဆိုတာ ရုပ်ရည်ရုပကာကိုကြည့် ရုံနဲ့ သိနိုင်ပါတယ်။ အကောင်းဆုံးလို့ ယူဆရတဲ့ အဝတ်တွေ ကို ရွေးချယ်ဝတ်ဆင်ခဲ့ပေမယ့် သူ့ပုံစံက နွမ်းပါးလွန်းပါတယ်။ ကမ်းတမ်းတဲ့ လက်ချောင်းတွေ ကို မြင်လိုက်တာနဲ့ သူဟာ မိသားစု အတွက် ဘယ်ေ လာက်တောင် တာဝန်ကျေခဲ့ သလဲ မြင်သာစေမှာပါ။

Ela ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Iloilo ပြည်နယ်၊ Leganes မှာတည်ရှိတဲ့ St. Vincent College of Science and Technology ကနေ ဂုဏ်ထူးတွေနဲ့အတူ ဘွဲ့ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘွဲ့ယူအမှတ်တရမှာ ဖခင်က မပါမဖြစ် အရေးပါးတဲ့ လူတ စ်ယောက်ပါ။ သူမဟာ ဖခင်နဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကို Facebook Profile အဖြစ် ထားရှိဂု ဏ်ပြုခဲ့ရာ၊ သူမရဲ့ဓာတ်ပုံကို Like and Reaction ပြုလုပ်သူ (၁၁၅၀၀၀)ဦးအထိ ရှိခဲ့ပြီး၊ ပြန်လည်မျှဝေသူ (၂၆၀၀၀)အထိ ရှိခဲ့ပါတယ်။ မှတ်ချက်ရေး သူပေါင်း (၃၈၀၀)အထိ ရှိခဲ့ကြောင်း သိရပါတယ်။

Ela က သူမအနေနဲ့ ဒီလို လူတလုံးသူတလုံး ဖြစ်လာဖို့ အတွက် တစ်ယောက်တည်း စွမ်း အားနဲ့ မရနိုင်ကြောင်း၊ မိဘတွေရဲ့ အကူအညီမပါဘဲ၊ သားသမီး ဆိုတာ ထိပ်ဆုံး နေရာ ရောက်နိုင်ဖို့ မလွယ်ကြောင်း၊ သူမဘဝ မှာ အရေးပါဆုံးသော လူပုဂ္ဂိုလ်ကတော့ ဖခင်ဖြစ်တဲ့အတွက် အခုလို ဂုဏ်ပြုခဲ့တာလို့ ဆိုပါတယ်။

credit – shwemom

ဘဝတစ်ခုလုံးနှစ်ပြီး ရုန်းကန်ပေးတဲ့ ဖခင် လယ်သမားကြီးကို ဂုဏ်ယူနဲ့စွာပွဲထုတ်ခဲ့တဲ့ သမီးလေး

မိဘတွေ ဆိုတာ ကိုယ်တိုင်က ဆားနဲ့လျှက်စားနေရရင် တောင်မှ သားတွေ သမီးတွေ ထမင်းပန်းကန် ထဲမှာ အရမ်းအရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေ မြင်စေ ချင်ကြပါတယ်။ ကိုယ်တိုင်က လုံခြုံအောင်ဝတ်ဖို့ အနိုင်နိုင် ရုန်းကန်နေရရင်တောင်မှ

သားတွေသမီးတွေကိုတော့ လူတန်းစေ့ ဝတ်စေချင်ကြပါတယ်။ သားတွေသမီးတွေရဲ့ ပညာရေးမှာလည်း သူတို့တက်နိုင်တာထက် ပိုထောက်ပံ့ြ ကပြီး၊ လူတော်လူကောင်းတွေ ဖြစ်စေချင်ကြပါတယ်။