Celebrities

မျှော်လင့်မထားဘဲ လှူလိုက်ရတဲ့ ကြီးကြီးမားမားအလှူကြီးတစ်ခုကြောင့် ကျေနပ်ပီတိဖြစ်နေတဲ့ ချစ်သုဝေ

သူမရဲ့မွေးလဖြစ်တဲ့ သြဂုတ်လမှာ မွေးနေ့မတိုင်ခင်ကတည်းက စိတ်တိုင်းကျလှူတန်းနေခဲ့ပြီး ဒီတစ်ခေါက်အလှူလေးဟာလည်း ငါးကြိမ်မြောက်လှူတန်းခြင်းဖြစ်ပါတယ်။ တကယ်ကိုချို့တဲ့ပြီး အလှူရှင်လိုအပ်နေတဲ့နေရာတွေကိုအရောက်သွားပြီး စိတ်ရောကိုယ်ပါ သဒ္ဓါကြည်ဖြူပြီး လှူတန်းချင်တဲ့ ထရီဇာ့ရဲ့စိတ်လေးဟာ ဖြူစင်အေးချမ်းလွန်းပါတယ် ပရိသတ်ကြီးရေ။

စသွားတုန်းက ဒီလောက်လှူဖြစ်မယ်လို့မမျှော်မှန်းထားပေမယ့် ရောက်သွားတဲ့အချိန်မှာ ချို့ချို့တဲ့တဲ့ဖြစ်နေတဲ့ အနေအထားတစ်ခုကြောင့် စိတ်မကောင်းဖြစ်ပြီး ရေချိုးဆောင်နဲ့ အိမ်သာခြောက်လုံးကို ချက်ချင်းလှူတန်းပေးခဲ့ပါတယ်။ ဘာသာခြားပေမယ့်လည်း သဒ္ဓါတရားတွေ ကတော့ မခြားနားခဲ့ပါဘူး။ လိုအပ်နေသူတွေလည်း အထိုက်အလျောက် အဆင်ပြေသွားတာမို့ ထရီဇာ့ရဲ့အလှူလေးကိုသာဓုခေါ်ပါတယ်။

သူမ လှူဖြစ်ခဲ့ပုံလေးကိုလည်း ” ဆုံးသည်ထိဖတ်ပေးပါနော် မွေးလလေးရဲ့ (၅) ကြိမ်မြောက် အလှူခရီးစဉ်လေး တကယ်လှူဖို့စီစဉ်ခဲ့တာ ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲ၊အားလူး၊ နဝကမ္မ အလှူငွေနဲ့ အရုပ်တွေ။ ရောက်တော့ ကလေးတွေနေစရာမရှိလို့(ကျောင်းဆောင်က
ဆောက်လုပ်ကာစ အလှူငွေမရှိလို့ရပ်) ဓမ္မာရုံထဲ စုရုံးနေကြရရှာ မိန်းကလေးငယ်တွေရော အပျိုရွယ်လေးတွေရောမို့ အားချင်းလိုအပ် နေတဲ့ လုံခြုံအောင်ချိုးနိုင်မယ့်ရေချိုးသန့်စင်ခန်းနဲ့ အိမ်သာ (၆) လုံးကို လှူမယ် ချက်ချင်းဆုံးဖြတ်ခဲ့တယ် ခရီးစဉ်စဆုံး ပင်ပန်းပေမယ့် ကြည်နူးမဆုံး ဆောက်လုပ်ကာစ (၃) ထပ်ကျောင်းဆောင်လေးကို အမြန်ပြီးအောင် မိတ်ဆွေတွေအားလုံး ဝိုင်းဝန်းလှူတန်းပေးကြရ အောင်နော် သုံးခွမြို့နယ်၊ အိဿကျေးရွာ၊ ဓမ္မစမ်းရေပရဟိတကျောင်း၊ ဆရာတော်ဖုန်း- 09420400402 ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

မျှော်လင့်မထားဘဲ လှူလိုက်ရတဲ့ ကြီးကြီးမားမားအလှူကြီးတစ်ခုကြောင့် ကျေနပ်ပီတိဖြစ်နေတဲ့ ချစ်သုဝေ

သူမရဲ့မွေးလဖြစ်တဲ့ သြဂုတ်လမှာ မွေးနေ့မတိုင်ခင်ကတည်းက စိတ်တိုင်းကျလှူတန်းနေခဲ့ပြီး ဒီတစ်ခေါက်အလှူလေးဟာလည်း ငါးကြိမ်မြောက်လှူတန်းခြင်းဖြစ်ပါတယ်။ တကယ်ကိုချို့တဲ့ပြီး အလှူရှင်လိုအပ်နေတဲ့နေရာတွေကိုအရောက်သွားပြီး စိတ်ရောကိုယ်ပါ သဒ္ဓါကြည်ဖြူပြီး လှူတန်းချင်တဲ့ ထရီဇာ့ရဲ့စိတ်လေးဟာ ဖြူစင်အေးချမ်းလွန်းပါတယ် ပရိသတ်ကြီးရေ။

စသွားတုန်းက ဒီလောက်လှူဖြစ်မယ်လို့မမျှော်မှန်းထားပေမယ့် ရောက်သွားတဲ့အချိန်မှာ ချို့ချို့တဲ့တဲ့ဖြစ်နေတဲ့ အနေအထား တစ်ခုကြောင့် စိတ်မကောင်းဖြစ်ပြီး ရေချိုးဆောင်နဲ့ အိမ်သာခြောက်လုံးကို ချက်ချင်းလှူတန်းပေးခဲ့ပါတယ်။ ဘာသာခြား ပေမယ့်လည်း သဒ္ဓါတရားတွေကတော့ မခြားနားခဲ့ပါဘူး။ လိုအပ်နေသူတွေလည်း အထိုက်အလျောက် အဆင်ပြေသွားတာ မို့ ထရီဇာ့ရဲ့အလှူလေးကိုသာဓုခေါ်ပါတယ်။

သူမ လှူဖြစ်ခဲ့ပုံလေးကိုလည်း ” ဆုံးသည်ထိဖတ်ပေးပါနော် မွေးလလေးရဲ့ (၅) ကြိမ်မြောက် အလှူခရီးစဉ်လေး တကယ်လှူဖို့စီစဉ်ခဲ့တာ ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲ၊အားလူး၊ နဝကမ္မ အလှူငွေနဲ့ အရုပ်တွေ။ ရောက်တော့ ကလေးတွေေ နစရာမရှိလို့(ကျောင်းဆောင်က ဆောက်လုပ်ကာစ အလှူငွေမရှိလို့ရပ်) ဓမ္မာရုံထဲ စုရုံးနေကြရရှာ မိန်းကလေးငယ်တွေေ ရာ အပျိုရွယ်လေးတွေရောမို့ အားချင်းလိုအပ်နေတဲ့ လုံခြုံအောင်ချိုးနိုင်မယ့်ရေချိုးသန့်စင်ခန်းနဲ့ အိမ်သာ (၆) လုံးကို လှူမယ် ချက်ချင်းဆုံးဖြတ်ခဲ့တယ် ခရီးစဉ်စဆုံး ပင်ပန်းပေမယ့် ကြည်နူးမဆုံး ဆောက်လုပ်ကာစ (၃) ထပ်ကျောင်းဆောင်လေးကို အမြန်ပြီးအောင် မိတ်ဆွေတွေအားလုံး ဝိုင်းဝန်းလှူတန်းပေးကြရအောင်နော် သုံးခွမြို့နယ်၊ အိဿကျေးရွာ၊ ဓမ္မစမ်း ရေပရဟိတကျောင်း၊ ဆရာတော်ဖုန်း- 09420400402 ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

#Credit