Celebrities

သိန်းရာကျော်တန်အမိုက်စား BMW K1100 ဆိုင်ကယ်ကြီးနဲ့ နေပြည်တော်တစ်ခွင်မှာ ပျော်ရွှင်နေတဲ့ ထွန်းထွန်း

ယောကျာ်းလေးအများစုဟာ စက်ပစ္စည်းတစ်ခုခုမှာတော့ အနည်းနဲ့အများရူးသွပ်ကြသူတွေ ချည်းပါပဲ။ ထွန်းထွန်းကတော့ ဆိုင်ကယ် ခရေဇီဖြစ်တဲ့နောက် ရန်ကုန်မှာလွတ်လွတ်လပ်လပ် စီးခွင့်မရတဲ့ဆိုင်ကယ်တွေရဲ့အရသာကို ခွင့်ပြုမြို့တွေမှာ တဝကြီးခံစားနေခဲ့ပါတယ်။ မန္တလေးမြို့နဲ့ တခြားဆိုင်ကယ်စီးခွင့်ရတဲ့ မြို့တွေမှာ စိတ်ကြိုက်ဆိုင်ကယ်တွေစီးပြီး ပျော်ပျော်ကြီးမြို့ပတ်နေခဲ့ပါတယ်။

ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ BMW K1000 ဆိုင်ကယ်ကြီးနဲ့ နေပြည်တော်တစ်ခွင်ပြဲပြဲစင်အောင် ပျော်ပျော်ရွှင်ရွှင်စီးနေတဲ့ ပုံရိပ်တွေကို ဝေမျှခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ အနည်းဆုံး တစ်လကိုတစ်ခေါက်လောက်ဖြစ်ဖြစ်တော့ အလုပ်တွေမအားလည်း ဆိုင်ကယ် အတူတူ ထွက်စီးတတ်တဲ့ထွန်းထွန်းကတော့ သူချစ်တဲ့ဆိုင်ကယ်တွေကို ဈေးကြီးပေးပြီးတော့ကို အကောင်းဆုံးစွန့်စားမှုတွေနဲ့ စီးနင်း ရတာပျော်နေတတ်သူတစ်ယောက်ပါ။

ဝတ်စုံပြည့်နဲ့ ခပ်မိုက်မိုက်ဆိုင်ကယ်စီးနေတဲ့ ပုံရိပ်တွေဟာ အမျိုးသမီးထုကြီးအတွက်တော့ ရင်ခုန်ချင်စရာတွေအပြည့်ပါပဲ။ နေပြည်တော်ရဲ့ဖြူးနေတဲ့လမ်းမတွေထက်မှာ အမိုက်စား ဆိုင်ကယ်ကြီးကိုစီးလာတဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အရမ်းလန်းနေတဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

သိန်ရာကျော်တန်အမိုက်စား BMW K1100 ဆိုင်ကယ်ကြီးနဲ့ နေပြည်တော်တစ်ခွင်မှာ ပျော်ရွှင်နေတဲ့ ထွန်းထွန်

ယောကျာ်းလေးအများစုဟာ စက်ပစ္စည်းတစ်ခုခုမှာတော့ အနည်းနဲ့အများရူးသွပ်ကြသူတွေ ချည်းပါပဲ။ ထွန်းထွန်း ကတော့ ဆိုင်ကယ်ခရေဇီဖြစ်တဲ့နောက် ရန်ကုန်မှာလွတ်လွတ်လပ်လပ် စီးခွင့်မရတဲ့ဆိုင်ကယ်တွေရဲ့အရသာကို ခွင့်ပြုမြို့တွေမှာ တဝကြီး ခံစားနေခဲ့ပါတယ်။ မန္တလေးမြို့နဲ့ တခြားဆိုင်ကယ်စီးခွင့်ရတဲ့ မြို့တွေမှာ စိတ်ကြိုက်ဆိုင်ကယ်တွေစီးပြီး ပျော်ပျော်ကြီး မြို့ပတ်နေခဲ့ပါတယ်။

ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ BMW K1000 ဆိုင်ကယ်ကြီးနဲ့ နေပြည်တော်တစ်ခွင်ပြဲပြဲစင်အောင် ပျော်ပျော်ရွှင်ရွှင်စီးနေတဲ့ ပုံရိပ်တွေကိုဝေမျှခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ အနည်းဆုံး တစ်လကိုတစ်ခေါက်လောက်ဖြစ်ဖြစ်တော့ အလုပ်တွေမအားလည်း ဆိုင်ကယ်အတူတူ ထွက်စီးတတ်တဲ့ထွန်းထွန်းကတော့ သူချစ်တဲ့ဆိုင်ကယ်တွေကို စျေးကြီးပေးပြီးတော့ကို အကောင်းဆုံးစွန့်စားမှုတွေနဲ့ စီးနင်းရတာပျော်နေတတ်သူတစ်ယောက်ပါ။

ဝတ်စုံပြည့်နဲ့ ခပ်မိုက်မိုက်ဆိုင်ကယ်စီးနေတဲ့ ပုံရိပ်တွေဟာ အမျိုးသမီးထုကြီးအတွက်တော့ ရင်ခုန်ချင်စရာတွေအပြည့်ပါပဲ။ နေပြည်တော်ရဲ့ဖြူးနေတဲ့လမ်းမတွေထက်မှာ အမိုက်စား ဆိုင်ကယ်ကြီးကိုစီးလာတဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အရမ်းလန်းနေတဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

#credit