Celebrities

ချို့တဲ့စွာပညာသင်ခဲ့ရတဲ့ လေးဘာသာဂုဏ်ထူးရှင်လေးကို သွားရောက်လှူဒါန်းခဲ့တဲ့ ပိုပို

အသံချိုချိုလေးနဲ့ အချစ်သီချင်းတွေသီဆိုလေ့ရှိတဲ့ပိုပိုကတော့ ပရိသတ်အချစ်တွေကိုလည်း ရရှိထားသူတစ်ယောက်ပါ။ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေသလို ဘာသာရေးကိုင်းရှိုင်းတဲ့စိတ်ဓာတ်လေးကတော့ ချစ်စရာကောင်းပါတယ်။ အခုလည်း အလှူအတန်းလက်မနှေးတဲ့ ပိုပိုရဲ့ချစ်စရာစိတ်ဓာတ်လေးကို ထပ်မံတွေ့လိုက်ရပြန်ပါပြီ။

ပိုပိုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အဖေမရှိပေမယ့် မိခင်နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့ လေးဘာသာ ဂုဏ်ထူးရှင် ညီမလေး မိုးမိုးဖြစ်ချင်တဲ့ ဆရာမတစ်ယောက်ဖြစ်ပြီး ညီမလေး ရဲ့ စိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ပါစေ…

ပိုပို ,ကိုဟိဏ်းသစ်နဲ့ သူငယ်ချင်းများ စုပေါင်းပြီး တတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ်။ အခုလို ညီမလေး မိုးမိုးကို စေတနာအပြည့်နဲ့ ပညာသင်ကြားပေးခဲ့တဲ့ ဆရာလိုမျိုး ဆရာ ၊ ဆရာမတွေလည်း အများကြီးပေါ်ထွက်လာပါစေ။” ဆိုပြီးတော့ ရေးသားထားပါတယ်။

ဒါ့အပြင် သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်။ ပိုပိုကတော့ ကိုယ်တိုင်ထူးခွန်စွာကြိုးစားခဲ့သလို အခြားသူတွေကို မျှဝပေးဖို့ကိုလည် မမေ့လျော့တတ်တဲ့သူတစ်ယောက်ပါ။ ပိုပိုတစ်ယောက်အရင်ထက်ပိုမိုပြီး အောင်မြင်မှုတွေဆွတ်ခူးနိုင်ပါစေနော်…

အခုဖော်ပြခဲ့တာကတော့ နွမ်းပါးပေမဲ့ ထူးထူးချွန်ချွန်နဲ့ ၁၀ တန်းကို အောင်မြင်ခဲ့တဲ့ ညီမငယ်လေးကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့တဲ့ ပိုပို့အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ သာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။credit