Lifestyle

၂၀၂၀ ခုနှစ် သြဂုတ် လ အတွက် နေ့နံ အလိုက် အောင် ဘာလေ ထီပေါက် ဂဏန်း

၂၀၂၀ သြဂုတ်လ အတွက် နေ့သားအလိုက် အကျိုးပေး အောင်ဘာလေ ထီဂဏန်းများနှင့် ထီထိုးရမည့်အချိန် အပိုင်းအခြား

တနင်္ဂနွေ သားသမီးများ – အိမ်အနားဝန်းကျင်မှာ မီးလန့်ရှော့ဖြစ်ကြုံရင် ထီထိုးပါ …။ ခြေရင်းဘက် မှ ရန်ဖြစ်သံ ၊ ဆဲသံဆိုသံ ကြားရင် ထီထိုးပါ …။

သတင်းစာတစ်စောင်မှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။

အုန်းသီးပါတဲ့မုန့် စားပြီးထိုးပါ …။

တနင်္ဂနေ့ နေ့လည်(၁)နာရီ(၃၀)မှ – (၃) နာရီအတွင်း အပြာရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီးထိုးပါ …။ ( ၆ ၊ ၁ ၊ ၅ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

တနင်္လာသား သမီးများ – ကြက်ခွပ် ၊ ကားတိုက် ၊ နတ်ကနား တွေ့ရင် ထီထိုးပါ …။တံခါးပေါက်အနီးမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။နန်းကြီးသုပ်စားပြီးထိုးပါ …။တနင်္လာနေ့ နံနက်(၉)နာရီမှ – (၁၀)နာရီ (၃၀) အတွင်း အနက်ရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၇ ၊ ၂ ၊ ၈ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

အင်္ဂါသားသမီးများ – အုန်းသီး အစို့ပေါက်တာ မြင်တွေ့ရင် ထီထိုးပါ …။ဦးထုပ်တစ်လုံးမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။အုန်းနို့ခေါက်ဆွဲစားပြီး ထိုးပါ …။အင်္ဂါနေ့(၃)နာရီမှ – (၄)နာရီ(၃၀)အတွင်း အနီရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၁ ၊ ၃ ၊ ၉ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

ဗုဒ္ဓဟူးသားသမီးများ – ကလေးမွေးတဲ့ ၊ ကလေးရတဲ့ သတင်းကြားရင် ထီထိုးပါ…။ရေချိုးခန်း (သို့) ရေချိုးတဲ့ နေရာမှာ ထီပေါက် ဂဏန်းရှိနေပါတယ် … ။ကော်ရည်ခေါက်ဆွဲ စားပြီးထိုးပါ …။ဗုဒ္ဓဟူးနေ့ နံနက်(၁၀)နာရီ(၃၀) မှ – (၁၂)နာရီအတွင်း အဖြူရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၂ ၊ ၄ ၊ ၉ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

ကြာသပတေးသားသမီးများ – ဘာသာရေးနဲ့ ပက်သက်တဲ့ပစ္စည်းများ လက်ဆောင်ရရင်ထီထိုးပါ…။လမ်းဘေး ဆိုင်းဘုတ်ကြီးတစ်ခုမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။စမူဆာ စားပြီးထိုးပါ …။ကြာသပတေးနေ့ ညနေ (၄)နာရီ(၃၀) မှ – (၆) နာရီအတွင်း နီညိုရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၃ ၊ ၅ ၊ ၂ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

သောကြာသားသမီးများ – အတောင်ပါသော သတ္တဝါ ဝင်လာရင် ထီထိုးပါ …။လမ်းပေါ်က စျေးသည်ရဲ့အော် သံမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ရှောက်သီးသုပ် (သို့) ရှောက်သီး စားပြီးထိုးပါ …။သောကြာနေ့ နေ့လည်(၁၂)နာရီ – (၁)နာရီ (၃၀)အတွင်း အပြာရောင်များများပါသော အဝတ်အစား ဝတ်ဆင်ပြီထိုးပါ … ။ ( ၄ ၊ ၆ ၊ ၂ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

စနေသားသမီးများ – ဘာသာရေးနဲ့ပက်သက်တဲ့ ပစ္စည်းများ လက်ဆောင်ရရင် ထီထိုးပါ…။ဖိနပ်များထားသော နေရာမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ပေါင်မုန့်ထောပတ်သုပ် စားပြီးထိုးပါ …။ စနေနေ့ နံနက် (၇)နာရီ (၃၀) မှ – (၉)နာရီအတွင်း အဝါရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၆ ၊ ၄ ၊ ၈ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

မိတ်ဆွေများအားလုံး အောင်ဘာလေ ထီဆုကြီးများ ရယူပိုင်ဆိုင် ဆွတ်ခူးနိုင်ကြပါစေ …။