ရွှေပြည်သာမြို့နယ်၊ဝါးတစ်ရာကျေးရွာ အပြင်ဘက်က လယ်မြေမှာလယ်ရှင်ခွင့်ပြုချက်နဲ့ မိသားစုနဲ့အတူနေထိုင်နေသူပါ။
ဘဝက ခက်ခဲကြမ်းတမ်းနေပေမယ့် သူမရဲ့ အိပ်မက်တွေကတော့ လျှပ်စစ်မီးမရှိတဲ့ သူမရဲ့တဲအိမ်လေးမှာ ဖယောင်းတိုင်မီးလို လင်းလက်နေဆဲပေါ့။
ရည်ရွယ်ချက်က ပညာရေးတက္ကသိုလ်တက်ချင်ပေမယ့် မပြေလည်တဲ့ မိသားစုဝမ်းရေးတွေထဲမှာ တက္ကသိုလ်တက်ရမယ့် သူမရဲ့ အိမ်မက်နဲ့ ရည်မှန်းချက်တွေက ကုန်ခမ်းစပြုမယ့် ဖယောင်းတိုင်လိုရယ်ပ။
အိပ်မက်တွေ ရည်ရွယ်ချက်တွေနဲ့အတူ အကောင်းဆုံးကိုမျှော်လင့်ရင်း၊ ဘဝရည်မှန်းချက်တွေကို အိပ်မက်ရင်း ပန်းတိုင်ကို စမ်းတဝါးဝါးလျှောက်နေရသူပေါ့။
#credit