Celebrities

ထက်ထက်မိုးဦးကို ကိုယ်တိုင်သွားရောက် ဂါရဝပြု ကန်တော့ခဲ့တဲ့ မင်းသန့်မောင်မောင်

သရုပ်ဆောင် မင်းသမီး ထက်ထက်မိုးဦးကတော့ သူမရဲ့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ ပြည်သူချစ် မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ ထက်ထက်ဟာ တစ်ခေတ်တစ်ခါက တီဗီကြော်ငြာ နဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းမှာ
အမြဲတမ်းစိုးမိုးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကြော်ငြာတဲ့ ပစ္စည်းတိုင်းကို တစ်ခဲနက် ဝယ်ယူအားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ထက်ထက်ဟာ ကျန်းမာရေးအခြေအနေကြောင့် အချိန်အတော်ကြာ အနားယူခဲ့ရပြီး အခုချိန်မှာတော့ ကြော်ငြာလေးတွေ ပြန်လည် ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူနေမကောင်းစဉ်က လိုလေသေးမရှိအောင် အနီးကပ် ပြုစုစောင့်ရှောက်ခဲ့တဲ့ သမီးအလိမ္မာလေးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထက်ထက်တစ်ယောက် ပီတိဖြစ်စရာ အကြောင်းအရာလေးတစ်ခု ဖြစ်ခဲ့တာပါ။ဒါကတော့ မင်းသန့်မောင်မောင်ကိုယ်တိုင်လာရောက်ကာဂါရဝပြုခဲ့တာကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ထက်ထက်မိုးဦးရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” ထပ်ဆင့်အကယ်ဒမီ အန်တီထက်ထက်မိုးဦးအား သွားရောက်ဂါဝရ ပြုခဲ့ပါသည်။သားသားမင်းသန့်
မောင်မောင် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

#credit