Celebrities

အရင်ကထက် ပိုမိုက်တဲ့ ဘော်ဒီအလန်းစားနဲ့ ပရိသတ်တွေရှေ့ကိုရောက်လာတော့မယ့် Jenny

ပရိသတ်ကြီးရေ .. အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေ အသည်းနှလုံးကိုလှုပ်ကိုင်ခဲ့တဲ့ တေးသံရှင် Jenny ကိုအားလုံးသိမယ်ထင်ပါတယ်နော် ။ ဟန်နွေငြိမ်းဆိုတဲ့ နာမည်နဲ့ လည်း ဆိုကရေးတီး ပြိုင်ပွဲတွေဝင်ခဲ့ပြီး မြန်မာအကရော ခေတ်ပေါ်သံစဉ်တွေ ရော အားလုံးပိုင်နိုင်တဲ့အနုပညာရှင်တစ်ယောက်လို့ဆိုရမှာပါ ။

Jenny တစ်ယောက် အနုပညာခြေလှမ်းတွေ အနည်းငယ်ငြိမ်နေပေမယ့် မကြာသေးမီမှာတော့ အမိုက်စား ဘော်ဒီနဲ့ ပရိသတ်တွေရှေ့ကို ရောက်လာနိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ပြီး ကြိုးစားနေတယ်လို့သိရပါတယ် ။ အမ ပိန်သွားလို့ ‘လှလာတယ်’ ဆိုတဲ့ စကားလုံးလေး ကြာရှည်ကြားရအောင် ကြိုးစားပါဦးမယ် ဆိုတဲ့ စာသားလေးနဲ့အတူ သူမ Gym ဆော့နေတဲ့ ပုံရိပ်လေးကိုလည်း ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးထားပါသေးတယ် ။

သူမရဲ့ ပရိသတ်တွေကတော့ ပိန်ပိန် ၀၀ လှတယ်ဆိုတဲ့မှတ်ချက်လေးတွေပေးထားကြတာလည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးရော မကြာခင်မှာ အမိုက်စားဘော်ဒီနဲ့ ပရိသတ်တွေရှေ့ကိုရောက်လာတော့မယ့် Jenny ကိုမြင်ရဖို့အတွက်ရင်ခုန်နေကြပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

#credit