Celebrities

မြစ်ရေတက်လာလို့ပြောင်းရွှေ့ရတဲ့ရွာတွေအတွက် ဆန်ဆီဆားနဲ့လိုအပ်တာတွေလှူဒါန်းခဲ့တဲ့ ထွန်းကိုကို

ပရဟိတအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့လေးစားခြင်းကိုခံနေရတဲ့ သရုပ်ဆောင်ထွန်းကိုကို ကတော့ ဦးကျော်သူနာရေးကူညီမှုအသင်းမှာ ပရဟိတဝန်ထမ်း အဖြစ် လုပ်ဆောင်နေတာဖြစ်ပါတယ် ။ လတ်တလောမှာတော့ ဧရာဝတီမြစ်ရေတွေတက်လာတဲ့အတွက် ဒုက္ခရောက်နေတဲ့ ရွာအချို့ကို FFSS အဖွဲ့အစည်းနဲ့အတူ ပါဝင်ကူညီလှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ် ။

ရေစီးတွေ အရမ်းသန်ပြီး ကမ်းပါးတွေပြို တာရိုးတွေကြိုးရွာတွေရေမြှုပ်လို့ ရွှေ့ပြောင်း ရတဲ့ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ရှိ ကျေးရွာများသို့ စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ် ။ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ” အများပြည်သူအတွက် အများပြည်သူကောင်းမှု”အဖြစ် သြဂုတ် (၁၁)ရက်နေ့ မှာ ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ရှိ ရွှေဘိုကျေးရွာ ၊ပျဉ်တက်ကျေးရွာ ၊ ဖောင်ဆိပ်ကျေးရွာ သို့သွားရောက်ပြီး အိမ်ထောင်စု (၃၂၀) အတွက် ဆန် ၊ ဆီ ၊ငါးသေတ္တာဘူး ၊ ရေသန့်ဘူး များကို လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်

ထွန်းကိုကိုက ခုလို ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့်သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ အတွက် ပြန်လည်မျှဝေပေးထားပါတယ် ။ ပရိသတ်ကြီးကလည်း ထွန်းကိုကိုရဲ့ မွန်မြတ်တဲ့အလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော် ။

#credit