Celebrities

ရွာငံ က တစ်ကိုယ်လုံး အမွှေးအမျှင် တွေထူ နေတဲ့ ချစ်စရာ ကောင်လေးဆီ အရောက် သွားခဲ့ တဲ့ ဟန်သီ

အနုပညာရှင် တစ်ဦးဖြစ်တဲ့ ဟန်သီက ယခုလက် တလော လူမှုကွန်ယက် စာမျက်နှာ ပေါ်မှာ နာမည်ကြီးနေတဲ့ ရွာငံက ချစ်စရာ ကောင်လေးဆီ သွားရောက် ခဲ့ပါတယ်။

ဟန်သီကိုတော့ ပရိသတ် တွေက Miss ပြိုင်ပွဲတွေကနေတဆင့် သိလာခဲ့ကြတာပါ။ Miss Myanmar 2018 ဆုရှင် တစ်ဦးဖြစ်ပြီးတော့ အနုပညာလောက ထဲကို ဝင်ရောက် လာခဲ့တာပါ။ သူမရဲ့ ချစ်စဖွယ် မျက်နှာလေးကြောင့် လည်း အားပေးသူ ပရိသတ်တွေများပြားလာခဲ့တာပါ။

Miss တစ်ဦးဖြစ်သလို လူမှုရေးလုပ်ငန်း တွေမှာလည်း တတ်အားသမျှ ဆောင်ရွက်နေ သူလေးပါ။ ဟန်သီကတော့ ဒီရက်ပိုင်းအတွင်းမှာ ကလောမြို့ကို ရောက်ရှိနေခဲ့တာ ဖြစ်ပြီးတော့ ကလောကနေ ပြင်ဦးလွင် အဆင်း ရွာငံဘက်အရောက် လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အမွှေးအမျှင်ထူနေတဲ့ ကလေးငယ်ဆီ သွားရောက်ခဲ့တာဖြစ်ပါတယ်။

ထိုကောင်လေး ဟာ တစ်ကိုယ်လုံး အမွှေးအမျှင်ထူနေပြီး မျက်တောင်ရှည်လေး တွေကြောင့် လူမှုကွန်ယက်သုံးစွဲသူတွေကြား နာမည်ကြီးနေတာဖြစ်ပါတယ်။

“ကလော ကနေ ပြင်ဦးလွင် ကိုအဆင်း လမ်းမှာ ရွာငံမြို့က တကိုယ်လုံး အမွှေးအမျှင်တွေနဲ့ ချစ်စရာကောင်းတဲ့ တနှစ်ရှစ်လအရွယ် မောင်ထင်ရှားအောင် လေးဆီသွားလည်ပြီး လမ်းပေါ်မှာ မှိုတွဲတွေရောင်း နေတဲ့ အဖွားတွေကိုဝင်နုတ်ဆက်….” လို့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာထက်ကနေ မောင်ထင်ရှားအောင်နဲ့ အတူ တွဲရိုက် ထားတဲ့ ဓာတ်ပုံလေးတွေကိုတင်ထားတာဖြစ်ပါတယ်။

ယခုရက်ပိုင်း နာမည်ကြီးနေတဲ့ မောင်ထင်ရှား အောင်ဆီကို သွားရောက်ကြည့်ရှုသူတွေများ ပြားနေတာလည်းဖြစ်ပါတယ်။

unicode

#credit