Lifestyle

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြည်သူတစ်ဦးအပေါ်ထားတဲ့ ကြည်နူးပီတိဖြစ်ဖွယ် မေတ္တာ

Zawgyi Font ဖြင့်ဖတ်ရန်

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြည်သူတစ်ဦးအပေါ်ထားတဲ့ ကြည်နူးပီတိဖြစ်ဖွယ် မေတ္တာ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ (၂၄.၂.၂၀၂၀) ရက်နေ့၊ ကော့ကရိတ်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူလူထု တွေ့ဆုံပွဲ၌ ကျွန်တော်ဦးမောင်၀င်းမှ ကျွန်တော်၏သမီးလေး မစန္ဒာ၀င်း(ဒု/နှစ်၊ ဘားအံတက္ကသိုလ်) ခံစားနေရသောနှလုံးရောဂါနှင့် ငွေကြေးမတတ်နိုင်သည့်အပေါ် ကုသရာတွင်ကူညီပေးနိုင်ပါရန် စာရေးသားပေးပို့ တင်ပြခဲ့ပါသည်။

အမေစုမှ စာကို ဖတ်ရှု့ပြီး ကရင်ပြည်နယ်လူမှုရေး၀န်ကြီး ဦးဘိုဘိုဝေမောင် အား ကူညီဆောင်ရွက်ပေးရန် တာ၀န်လွှဲပေးလိုက်ပါသည်။ ဦးဘိုဘိုဝေမောင်မှလည်း အစမှအဆုံး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပါသည်။

ယခုလ ၁၃.၈.၂၀၂၀ ရက်နေ့တွင် ကျွန်တော်၏ သမီးအား ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါဌာနတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီး ဖြစ်သည်။ ယခုဓါတ်ပုံအရ သမီးလေး အောင်မြင်စွာခွဲစိတ်ပြီး ကျန်းကျန်းမာမာလန်းလန်း ဆန်းဆန်း ဖြစ်နေသည်ကိုတွေ့ရသည်အတွက် များစွာ၀မ်းမြောက်၀မ်းသာဖြစ်ရပါသည်။ ဦးမောင်၀င်း(ကော့ကရိတ်မြို့)

သမီး အသက်ကို ကယ်တင်ပေးခဲ့တဲ့ အမေစု၊ ငွေကြေးမတတ်နိုင်သည့်အပေါ် လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ ကရင်ပြည်နယ် လူမှုရေး၀န်ကြီးဦးဘိုဘိုဝေမောင်၊ ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနမှ ခွဲစိတ်အထူးကုဆရာ၀န်ကြီးနှင့် ဆရာ၀န်များ၊ သူနာပြုများအားလုံးကို အစဉ် ကျန်းမာချမ်းသာစေကြောင်း လက်ဆယ်ဖြာထိပ်မှာမိုး၍ သမီး မစန္ဒာ၀င်းမှ ရိုကျိုးရှိခိုးကန်တော့ပါတယ်၊ အမေစု ကျန်းမာပါစေ၊ အမေစုအောင်မြင်ပါစေ…

သမီး မစန္ဒာ၀င်း အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ၀င်းကြီးရပ်၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်

Unicode Font ဖြင့်ဖတ်ရန်

နိုငငြံတောအြတိုငပြငခြံရဲ့ ပှညသြူတဈဦးအပေါထြားတဲ့ ကှညနြူးပီတိဖှဈဖှယြ မတေျတာ…






#credit