Lifestyle

သိန်း ၁၀၀ ပေးတောင် ဆံပင်မရောင်းတဲ့ ဆရာမလေး ဆံပင်ဖြတ်ပြီးလှူခဲ့

သိန်း ၁၀၀ ပေးတာတောင် ဆံပင်ကို ဖြတ်မရောင်းဘူးဆိုတဲ့ ဆရာမလေးကို သိကြမှာပါနော်…တချို့က ဆံပင်ဘာမက်စရာရှိလည်းဆိုပြီး ဝေဖန်ကြပါသေးတယ်….

တချို့ကတော့ဆရာမလေးရဲ့ မြန်မာ့ရိုးရာထိန်းသိမ်းပုံကို ချီးကျူးကြပါတယ်…

အဲတာကြောင့် ဆရာမလေးက သူဆံပင်ဖြတ်လှူခဲ့ဖူးတဲ့ အကြောင်းကို ခုလို လူမှုကွန်ရက်ကနေတဆင့်ပြန်ဖြေရှင်းခဲ့ပါတယ်…

“ကိုယ့်ဆံပင်ကို ရောင်းကုန်ကြီးလိုသဘောထားပြီး လာလာမေးနေလို့ တမင်ရွဲ့ပြီး ၁ဝဝပေးတောင်
မရောင်းနိုင်ဘူးလို့ပြောတာလေ။မလှူနိုင်ဘူးလို့ မပြောဘူး။2018တုန်းက တစ်ခါဖြတ်လှူပြီးပြီ။

လာမယ့်ကိုယ့်မွေးနေ့မှာလည်း အဲ့လောက်ဖြတ်လှူဖို့ရှိသေးတယ်။ကျွတ်သမျှဆံပင်လည်း ရောင်းလှူခဲ့တာချည်းပဲ။

အရင်းကမဖြတ်နိုင်သေးပေမယ့် အဲ့လောက်ကတော့ ရက်ရောပါသေးတယ်နော်။ဘာတွေ အကုသိုလ်ပွားနေကြတာလဲ။”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာပါ…..

လေးစားစရာကောင်းတဲ့ လုပ်ရပ်လေးပါပဲနော်…ပရိသတ်ကြီးတို့ ဆရာမလေးကို ချီးကျူးဂုဏ်ပြု
ပေးခဲ့ကြပါအုံးနော်…

#credit