သင်ဇာဝင့်ကျော်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုတွေ များစွာ ဆွတ်ခူးပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က
နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးတာထက် ကြော်ငြာနဲ့ ပွဲတက်တွေအတွက်သာ အချိန်ပေး လုပ်ဆောင်တော့တာကို တွေ့ရပါတယ်။ ပရိသတ်တွေကတော့ သင်ဇာဝင့်ကျော်ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားနဲ့ ဒီနေ့ဒီအချိန်ထိ စောင့်ကြည့်အားပေးနေကြဆဲ ဖြစ်ပါတယ်။
အသက် (၃၃) နှစ်ရှိနေပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က ဒီနေ့ဒီအချိန်ထိ အိမ်ထောင်မပြုသေးပဲ သူမရဲ့ အနီးအနားကလူတွေနဲ့သာ အချိန်တွေ ကုန်ဆုံးရင်း အေးအေးဆေးဆေးသာ နေထိုင်နေလျက်ရှိပါသေးတယ်။
ထမင်းစားပြီးအိပ်ချင်နေမှာစိုးလို့ပါ ???
Posted by Thin Zar Wint Kyaw on Thursday, August 13, 2020
ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်က သူမရဲ့ မိသားစုတွေလို ချစ်ရတဲ့ မိတ်ကပ်ဆရာတွေဖြစ်တဲ့ စွာစွာနဲ့ သူသူတို့ကို အေရိုးဗစ်လေ့ကျင့်ခိုင်းပြီး အလုပ်ပေးခဲ့တာကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်ကတော့ သူသူနဲ့ စွာစွာတို့ကို သူမရဲ့ မိသားစုတွေလို့ သဘောထားပြီး အမြဲတမ်း စစနောက်နောက် ရှိတာပဲ ဖြစ်ပါတယ်။ သူသူနဲ့ စွာစွာကလည်း သင်ဇာဝင့်ကျော်ရဲ့ အနွံတာကို အရမ်းခံပြီး အလိုလိုက်တာမို့
ခိုင်မာတဲ့ သံယောဇဉ်တွေရှိကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
unicode

#credit