Celebrities

ဒီကနေ့ရဲ့ မွေးနေ့ရှင် ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားလေးကို ချစ်ဖို့ကောင်းအောင် စနောက်ကာ ဆုတောင်းပေးခဲ့တဲ့ ချမ်းမြေ့မောင်ချို

ပရိသတ်ကြီးရေ Myanmar Idol Season (3)ရဲ့ First Runner Up တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီး မိခင်ဖြစ်သူရဲ့ဂီတအနုပညာအမွေကို ဆက်ခံပြီး ပရိသတ်တွေလက်ခံအားပေးတဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေသူပဲဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုရဲ့ “ELEVEN” တစ်ကိုယ်တော်သီချင်းခွေဟာ ရောင်းအားအကောင်းဆုံး သီချင်းခွေအဖြစ် ရပ်တည်ခဲ့ပြီး သီချင်းတိုင်းဟာလည်း ပရိသတ်တွေကြားတင်မကပဲ အနုပညာရှင်တွေရဲ့ ကြိုက်နှစ်သက်မှုတွေကို ရရှိပိုင်ဆိုင် ခဲ့သူပါ.။

ငယ်ရွယ်ပြီး ချစ်စဖွယ် ပြုမူနေရတာထက် ရိုးရှင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ဒီဇိုင်းပုံစံလေးတွေနဲ့ အေးဆေးစွာ နေထိုင်ရင်း ပရိသတ်တွေအတွက် အမိုက်စား သီချင်းလေးတွေကို ချပြတတ်သူပါ.။ လတ်တလောကမှ ထွက်ရှိထားတဲ့ အဆိုတော် Ah Boyနဲ့ အတူ တွဲဆိုထားတဲ့ “အငွေ့အသက်များ”သီချင်းဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်မှုရရှိနေတဲ့ သီချင်းလေးပါပဲနော်.။

မောင်ချိုလေးကတော့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး လှုပ်ရှားမှုလေးတွေကိုသာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပြီး ဒီနေ့ သြဂုတ်လ (၁၃)ရက်နေ့မှာတော့ မွေးနေ့ရှင် ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားလေးကို “Happy Birthday ဖေကြီး ချစ်သောမိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်အမြဲအတူတူနေနိုင်ပြီးတော့ *မေကြီးကိုဖုန်းဆက်လို့မရရင်လည်း သမီးတို့ကိုပတ်ပြီးများများရစ်နိုင်ပါစေ *

အိုင်လက်ဖြူစိုးမက်ချ် Maung Maung Cho” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ မောင်ချိုကတော့ ချစ်ရတဲ့ ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားလေးကိုတောင် ချစ်ဖို့ကောင်းအောင်စနောက်ပြီး ပြောတတ်သူလေးပါပဲနော်.ပရိသတ်ကြီး။

ပရိသတ်ကြီးလည်း ဒီနေ့ရဲ့ မွေးနေ့ရှင် ချမ်းမြေ့မောင်ချိုရဲ့ ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

unicode

ပရိသတ်ကြီးရေ Myanmar Idol Season (3)ရဲ့ First Runner Up တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီး မိခင်ဖြစ်သူရဲ့ဂီတအနုပညာအမွေကို ဆက်ခံပြီး ပရိသတ်တွေလက်ခံအားပေးတဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေသူပဲဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုရဲ့ “ELEVEN” တစ်ကိုယ်တော်သီချင်းခွေဟာ ရောင်းအားအကောင်းဆုံး သီချင်းခွေအဖြစ် ရပ်တည်ခဲ့ပြီး သီချင်းတိုင်းဟာလည်း ပရိသတ်တွေကြားတင်မကပဲ အနုပညာရှင်တွေရဲ့ ကြိုက်နှစ်သက်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့သူပါ.။

ငယ်ရွယ်ပြီး ချစ်စဖွယ် ပြုမူနေရတာထက် ရိုးရှင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ဒီဇိုင်းပုံစံလေးတွေနဲ့ အေးဆေးစွာ နေထိုင်ရင်း ပရိသတ်တွေအတွက် အမိုက်စား သီချင်းလေးတွေကို ချပြတတ်သူပါ.။ လတ်တလောကမှ ထွက်ရှိထားတဲ့ အဆိုတော် Ah Boyနဲ့ အတူ တွဲဆိုထားတဲ့ “အငွေ့အသက်များ”သီချင်းဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်မှုရရှိနေတဲ့ သီချင်းလေးပါပဲနော်.။

မောင်ချိုလေးကတော့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး လှုပ်ရှားမှုလေးတွေကိုသာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပြီး ဒီနေ့ သြဂုတ်လ (၁၃)ရက်နေ့မှာတော့ မွေးနေ့ရှင် ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားလေးကို “Happy Birthday ဖေကြီး ချစ်သောမိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်အမြဲအတူတူနေနိုင်ပြီးတော့ *မေကြီးကိုဖုန်းဆက်လို့မရရင်လည်း သမီးတို့ကိုပတ်ပြီးများများရစ်နိုင်ပါစေ *

အိုင်လက်ဖြူစိုးမက်ချ် Maung Maung Cho” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ မောင်ချိုကတော့ ချစ်ရတဲ့ ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားလေးကိုတောင် ချစ်ဖို့ကောင်းအောင်စနောက်ပြီး ပြောတတ်သူလေးပါပဲနော်.ပရိသတ်ကြီး။

ပရိသတ်ကြီးလည်း ဒီနေ့ရဲ့ မွေးနေ့ရှင် ချမ်းမြေ့မောင်ချိုရဲ့ ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်.။

#credit