Knowledge

ဖေ့ဘုတ်ခ်ပေါ်မှာ ဖုန်းနံပါတ် မန့်သူတွေကိုမှ ပစ်မှတ်ထား လိမ်နေတဲ့ လိမ်နည်း

ZawGyi

ပရိသတ်ကြီးရေလိုင်းပေါ်မှာ ဖုန်းနံပါတ် မန့်သူတွေကိုမှ ပစ်မှတ်ထား လိမ်နေတဲ့ လိမ်နည်းတစ်မျိုးရှိနေပါတယ်….

သတိထားနိုင်အောင်မျှဝေပါတယ်…

လိမ်ဆင် နောက်တမျိုး နဲ့ မြန်မာပြည်… SOCIAL MEDIA ပေါ်က PAGE တွေ GROUP တွေ မှာ ဖုန်းနံပါတ် ထားခဲ့တဲ့ လူတွေ သတိထားပါ ။

အသိ တယောက်ဆီ SMS message ကနေ Wave money ငွေလွှဲ ပုံစံ နဲ့ ဆယ်သိန်း ပို့လိုက်တယ် ဆိုပြီး စာပို့တယ်၊

ပြီးတော့ ဖုန်းဆက်ပြီး ကံစမ်းမဲပေါက် လို့ ဆယ်သိန်း ကံထူးပါတယ်၊ Wave Money ကပါ၊ အဲ့ငွေကို ထုတ်ဖို့ password သိချင် ရင် တသိန်း လွှဲပေးပါ ဆိုပြီး ထပ်ပြောတယ်။

အဲ့တာ ကို အသိကငွေလွှဲချင်လို့ လာမေးပါတယ်။

သူပို့တဲ့ မက်ဆေ့က Telenor နံပါတ် တခုနဲ့ပါ။ ( Wave Money က တကယ့်စာ နဲ့ Trx ID ကတော့ Wave Money Server ကပဲ ပို့တာပါ ၊ ဖုန်းနံပါတ် မပေါ်ပါဘူး။)

အဲ့တာနဲ့ လိမ်တာ ဖြစ်ကြောင်း ရှင်းပြပြီး ငွေမလွှဲဖို့ ပြောနေတုန်း အဲ့ဒီ Telenor နံပါတ်ကပဲ ထပ်ဆက်ပါတယ်..

တသိန်းလွှဲပြီးပြီလား ထပ်မေးတယ်၊ မလွှဲကြောင်း၊ ဘယ်က ဘာကြောင့်လွှဲတာလဲ မသိချင်ယောင်ဆောင်ပြီး မေးတော့

Wave Money က မဟုတ်တော့ပဲ ထီပေါက် လို့ လှူတာဖြစ်ကြောင်း သူ့နာမည် စိုးဝင်း ဖြစ်ကြောင်း ပြောပါသေးတယ်၊

နောက်ထပ် ဘယ်ကလဲ မေးတော့ မဖြေတော့ပဲ ဆဲပါတော့တယ်။

ဖုန်းချလိုက်တာ တောင် မက်ဆေ့ပို့ပြီး ဆဲနေပါသေးတယ် ၊ မှတ်ပုံ မတင် ထားတဲ့ Sim Card နဲ့ တွေ့ရာ နာမည်ပြောပြီး

လိမ်ဖို့ကြိုးစားတဲ့ကောင် တွေပါ။Social Media မှာ ထီပေါက်လို့ လှူမယ် ဆို တဲ့ Page တွေ Group တွေမှာ

ဖုန်းနံပါတ် ထားခဲ့တဲ့လူတွေ သတိထားပါ၊ အဲ့လိုဆက်သွယ်ပြီးတကယ် လှူချင်သလိုပုံစံနဲ့ လိမ်ကြပါလိမ့်မယ်။ သတိထားကြပါ။

Unicode

ပရိသတ်ကြီးရေလိုင်းပေါ်မှာ ဖုန်းနံပါတ် မန့်သူတွေကိုမှ ပစ်မှတ်ထား လိမ်နေတဲ့ လိမ်နည်းတစ်မျိုးရှိနေပါတယ်….

သတိထားနိုင်အောင်မျှဝေပါတယ်…

လိမ်ဆင် နောက်တမျိုး နဲ့ မြန်မာပြည်… SOCIAL MEDIA ပေါ်က PAGE တွေ GROUP တွေ မှာ ဖုန်းနံပါတ် ထားခဲ့တဲ့

လူတွေ သတိထားပါ ။အသိ တယောက်ဆီ SMS message ကနေ Wave money ငွေလွှဲ ပုံစံ နဲ့ ဆယ်သိန်း ပို့လိုက်တယ် ဆိုပြီး စာပို့တယ်၊

ပြီးတော့ ဖုန်းဆက်ပြီး ကံစမ်းမဲပေါက် လို့ ဆယ်သိန်း ကံထူးပါတယ်၊ Wave Money ကပါ၊ အဲ့ငွေကို ထုတ်ဖို့ password

သိချင် ရင် တသိန်း လွှဲပေးပါ ဆိုပြီး ထပ်ပြောတယ်။ အဲ့တာ ကို အသိကငွေလွှဲချင်လို့ လာမေးပါတယ်။

သူပို့တဲ့ မက်ဆေ့က Telenor နံပါတ် တခုနဲ့ပါ။ ( Wave Money က တကယ့်စာ နဲ့ Trx ID ကတော့ Wave Money Server ကပဲ ပို့တာပါ ၊ ဖုန်းနံပါတ် မပေါ်ပါဘူး။)

အဲ့တာနဲ့ လိမ်တာ ဖြစ်ကြောင်း ရှင်းပြပြီး ငွေမလွှဲဖို့ ပြောနေတုန်း အဲ့ဒီ Telenor နံပါတ်ကပဲ ထပ်ဆက်ပါတယ်..

တသိန်းလွှဲပြီးပြီလား ထပ်မေးတယ်၊ မလွှဲကြောင်း၊ ဘယ်က ဘာကြောင့်လွှဲတာလဲ မသိချင်ယောင်ဆောင်ပြီး မေးတော့

Wave Money က မဟုတ်တော့ပဲ ထီပေါက် လို့ လှူတာဖြစ်ကြောင်း သူ့နာမည် စိုးဝင်း ဖြစ်ကြောင်း ပြောပါသေးတယ်၊

နောက်ထပ် ဘယ်ကလဲ မေးတော့ မဖြေတော့ပဲ ဆဲပါတော့တယ်။

ဖုန်းချလိုက်တာ တောင် မက်ဆေ့ပို့ပြီး ဆဲနေပါသေးတယ် ၊ မှတ်ပုံ မတင် ထားတဲ့ Sim Card နဲ့ တွေ့ရာ နာမည်ပြောပြီး

လိမ်ဖို့ကြိုးစားတဲ့ကောင် တွေပါ။Social Media မှာ ထီပေါက်လို့ လှူမယ် ဆို တဲ့ Page တွေ Group တွေမှာ

ဖုန်းနံပါတ် ထားခဲ့တဲ့လူတွေ သတိထားပါ၊ အဲ့လိုဆက်သွယ်ပြီးတကယ် လှူချင်သလိုပုံစံနဲ့ လိမ်ကြပါလိမ့်မယ်။ သတိထားကြပါ။

Writer ; Kwee (Jeeptoolay)

Source ; စိုင်းဩဘာ