Local News

ကိုယ်ဝန်ဆောင်မိခင်များအား ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ခြင်းကို စက်တင်ဘာ ၂၀ ရက်နောက်ပိုင်းတွင် စတင်မည်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ယခင် MCCT အစီအစဉ်ဆောင်ရွက်လျက်ရှိသော ဒေသများ တွင်ပါဝင်ခြင်းမရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေး ထောက်ပံ့မှု အစီအစဉ်ကို စက်တင်ဘာလ ၂၀ ရက်နောက်ပိုင်းတွင် စတင်မည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင် များအား “ငွေဗိုက်” Application အသုံး ပြု၍ ဩဂုတ်လ ၁၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ ကိုယ်ဝန်ဆောင်ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ စာရင်းသွင်းနိုင်ပြီး ထောက်ပံ့ကြေး ငွေကျပ် ၃၀ဝဝဝ တစ်ကြိမ် ထောက်ပံ့ခြင်း ကို ဧရာဝတီဘဏ်၊ က‌မ္ဘောဇဘဏ်၊ Wave Money၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၊မိတ် ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးဦးကျော်လင်းထင်ကပြောသည်။

#credit