Celebrities

ရှားရှားပါးပါး သမီးလေးနဲ့အတူရိုက်ထားတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ဝေမျှလိုက်တဲ့ မေကဗျာ

မေကဗျာရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးဟာ တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ မေမေ့ရဲ့ အလှအပတွေကို အပြည့်အဝအမွေရထား တယ်ဆိုတာ ပိုပြီးသိသာလာခဲ့ပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ခပ်ထူထူနှုတ်ခမ်းတစ်စုံနဲ့ အေးအေးလေးနေတတ်တဲ့ အမူအကျင့် လေးတွေဟာ ပရိသတ်တွေအချစ်ပိုစေတဲ့ အဓိကအချက်တွေပါပဲ။ အနုပညာအလုပ်တွေကို ဝါသနာမပါပေမယ့် မေမေကတော့ ကြော်ငြာလေးတစ်ခုရိုက်ပေးဖို့ အတင်းပူဆာထားတဲ့ အကြောင်း ပြောပြခဲ့ပါသေးတယ်။ ပညာရေးမှာလည်းထူးချွန်တဲ့ သမီးလေးဟာ မေမေ့ကိုလည်းသိပ်ချစ်ပြီး သူအားတိုင်း မေမေ့အနားမှာ နေပေးတတ်တဲ့ သမီးလိမ္မာလေးပါ။ သူမ စိတ်ဝင် စားတဲ့ပညာရေးနဲ့ပတ်သက်ရင် အစွမ်းကုန် ကြိုးစားတတ်တာလည်း ဂင်္ဂါမေရဲ့ ထူးခြားတဲ့ပါရမီလေးတစ်ခုပါပဲ။ ဒီနေ့မှာတော့ သားမိနှစ်ယောက်အတူတူ အိမ်မှာနေရင်းဆံပင်ကောင်းအောင်လုပ်ကြတဲ့ ပုံလေးတွေကို မေမေက လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ သားမိနှစ်ယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ” သမီးလေးပုံလေးလည်းတင်ပေးပါဆိုလ်ု့ပါ ကဗျာ့သမီးလေးကိုလည်းချစ်ပေးကြပါ ပုံတင်ဖို့ တော်တော်ခွင့်တောင်းထားရတယ် တစ်နေ့လုံး ကစားကြတယ် ” ဆိုပြီး မေကဗျာက သားမိနှစ်ယောက်ရဲ့ ပျော်စရာအချိန်လေးတွေကို အားလုံး အတွက် တင်ပေးခဲ့ပါတယ်။ မျက်နှာလေးက အမေနဲ့တူပြီးချစ်ဖို့ကောင်းတဲ့သမီးလေးဟာ အနုပညာအလုပ်တွေထက် ပညာရေးကိုသာ ပိုပြီးကြိုးစားဖို့ အားသန်ခဲ့တာကြောင့် မေမေအားကိုးရတဲ့ သမီးလိမ္မာလေး ဖြစ်မယ်ဆိုတာ အသေအချာပါ။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ရှားရှားပါးပါး သမီးလေးနဲ့အတူရိုက်ထားတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ဝေမျှလိုက်တဲ့ မေကဗျာ

မေကဗျာရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးဟာ တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ မေမေ့ရဲ့ အလှအပတွေကို အပြည့်အဝအမွေရထားတယ်ဆိုတာ ပိုပြီးသိသာလာခဲ့ပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ခပ်ထူထူနှုတ်ခမ်းတစ်စုံနဲ့ အေးအေး လေးနေတတ်တဲ့ အမူအကျင့် လေးတွေဟာ ပရိသတ်တွေအချစ်ပိုစေတဲ့ အဓိကအချက်တွေပါပဲ။ အနုပညာအလုပ်တွေကို ဝါသနာမပါ ပေမယ့် မေမေကတော့ ကြော်ငြာလေးတစ်ခုရိုက်ပေးဖို့ အတင်းပူဆာထားတဲ့ အကြောင်း ပြောပြခဲ့ပါသေးတယ်။

ပညာရေးမှာလည်းထူးချွန်တဲ့ သမီးလေးဟာ မေမေ့ကိုလည်းသိပ်ချစ်ပြီး သူအားတိုင်း မေမေ့အနားမှာ နေပေးတတ်တဲ့ သမီးလိမ္မာ လေးပါ။ သူမစိတ်ဝင်စားတဲ့ပညာရေးနဲ့ပတ်သက်ရင် အစွမ်းကုန် ကြိုးစားတတ်တာလည်း ဂင်္ဂါမေရဲ့ ထူးခြားတဲ့ပါရမီလေးတစ်ခုပါပဲ။ ဒီနေ့မှာတော့ သားမိနှစ်ယောက်အတူတူ အိမ်မှာနေရင်းဆံပင်ကောင်းအောင်လုပ်ကြတဲ့ ပုံလေးတွေကို မေမေက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

သားမိနှစ်ယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ” သမီးလေးပုံလေးလည်းတင်ပေးပါဆိုလ်ု့ပါ ကဗျာ့သမီးလေးကို လည်းချစ်ပေးကြပါ ပုံတင်ဖို့တော်တော်ခွင့်တောင်းထားရတယ် တစ်နေ့လုံး ကစားကြတယ် ” ဆိုပြီး မေကဗျာက သားမိနှစ်ယောက်ရဲ့ ပျော်စရာအချိန်လေးတွေကို အားလုံး အတွက် တင်ပေးခဲ့ပါတယ်။ မျက်နှာလေးက အမေနဲ့တူပြီး ချစ်ဖို့ကောင်းတဲ့သမီးလေးဟာ အနုပညာအလုပ်တွေထက် ပညာရေးကိုသာ ပိုပြီးကြိုးစားဖို့အားသန်ခဲ့တာကြောင့် မေမေအားကိုးရတဲ့ သမီးလိမ္မာလေး ဖြစ်မယ်ဆိုတာ အသေအချာပါ။

#credit cele zone