Celebrities

ကိုယ့်ရဲ့ဘဝကိုပျော်ရွှင်အောင် ကိုယ်တိုင်ဖန်တီးယူသင့်တယ်ဆိုတဲ့ ပိုပို

ပရိသတ်တွေချစ်တဲ့နာမည်ကျော်အဆိုတော်တွေထဲမှာ ပိုပိုတစ်ယောက်လည်း အပါအဝင်ပါ။ ပိုပိုကတော့ အချစ်သီချင်းလေးတွေနဲ့အတူပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားနိုင်တဲ့သူတစ်ယောက်ပါ။ သီချင်းအသစ်တွေကိုလည်း မကြာခဏဖန်တီးနေသလို မကြာသေးခင်ရက်ပိုင်းက “အရိပ်ကလေးလို” ဆိုတဲ့သီချင်းထွက်ရှိထားပါသေးတယ်။

ပိုပိုကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မျှဝေလေ့ရှိသူတစ်ယောက်ပါ။ အခုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ပျော်စရာတွေ ကိုကိုယ်တိုင် ဖန်တီးယူပါ။ ဘယ်သူမှ မင်းပျော်အောင်လာမလုပ်ပေးဘူး။ မင်းကိုယ်မင်း ပျော်အောင်နေပါ။ ဘဝဟာ ပျော်စရာတွေလဲ ခဏ
စိတ်ညစ်စရာတွေလဲ ခဏပါပဲ ။ အဲ့တော့ ပျော်အောင်နေပါ” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။

ပိုပိုကတော့ အနုပညာလောကမှာအောင်မြင်နေသလို ဘာသာရေးကိုလည်း ကိုင်းရှိုင်းသူတစ်ယောက်ပါ။ တစ်ယောက်တည်းဘဝပေမဲ့အောင်မြင်စွာရပ်တည်နေတဲ့ပိုပိုကတော့ ဘဝမှာပျော်ပျော်နေဖို့အတွက်ကို အကြံကောင်းလေးပေးခဲ့တာပါ။ သူ့ရဲ့အကြံပေးချက်ကို ပရိသတ်ကြီးကရောဘယ်လိုထင်သလဲနော်….
Source : ပိုပို

#credit cele gabar