Celebrities

ဒီနေ့သားငယ်လေး ဉာဏ်သုတလင်းအတွက် မွေးနေ့ဆုတောင်း စကားလေးပြောလိုက်တဲ့ သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်

ပရိသတ်ကြီးရေ အနုပညာလောကမှာ လူချစ်လူခင်ပေါများပြီး နာမည်ကြီးတဲ့ သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်ကိုတော့ အထူးအထွေ

မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ကိုပေါက်ကတော့ ဗီလိန်ကာရိုက်တာများနဲ့ ပရိသတ်တွေရဲ့

စတင်သတိထားအားပေးမှုတွေကို ရရှိခဲ့ပြီး မတူညီတဲ့ကာရိုက်တာ ဇာတ်ရုပ်တိုင်းကို ဆေးစက်ကျရာအရုပ်ထင်ဆိုသလို ပီပြင်အောင် သရုပ်

ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်.။

ဝါသနာပါတဲ့ ဒါရိုက်တာအလုပ်အတွက် သရုပ်ဆောင်ခြင်းကနေ စတင်ခဲ့ပြီး လက်ရှိမှာတော့ ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ သရုပ်ဆောင်

ဒါရိုက်တာတစ်ယောက်အဖြစ် အောင်မြင်မှု ရရှိနေပြီတာပဲဖြစ်ပါတယ်နော်.။ အမြဲတမ်း ပျော်ရွှင်တက်ကြွနေတတ်ပြီး ချစ်တဲ့ မိသားစုတွေအ

တွက် အချိန်ပေးကာ ပျော်ရွှင်ဖွယ် အမှတ်တရ လေးတွေ ဖန်တီးပေးတတ်တဲ့ အိမ်ထောင်ဦးစီးကောင်းနဲ့ ဖခင်ကောင်းတာဝန်တွေကို ကျေ

ပွန်သူ ကိုပေါက်ကတော့ ဒီနေ့ သြဂုတ်လ (၁၂)ရက်နေ့မှာ ကျရောက်တဲ့ သားငယ်လေး ဉာဏ်သုတလင်းအတွက် မွေးနေ့ဆုတောင်း

စကားလေးကို “ချစ်ရတဲ့သားငယ်လေးရေ.. ဘာလိုလိုနဲ့ သားငယ်လေး ဉာဏ်သုတလင်း တောင် (၅)နှစ်ပြည့်သွားပြီ။ မွေးနေ့မှာ ကျန်းမာ

ချမ်းသာပြီး အစစ အရာရာ လိုတိုင်းတ ရနိုင်ပြီး သက်ရှည်ကျန်းမာပါစေ။

မိဘက အထင်ကြီးလေးစားရပြီး လူအများအတွက် ကောင်းကျိုးပြုနိုင်သောသူဖြစ်ပါစေ။ ထူးချွန်ထက်မြက်တဲ့ ပညာတက်ကြီးဖြစ်ပြီး အမှား

အမှန်ကို ကောင်းစွာခွဲခြားနိုင်သော ဉာဏ်အမျှော်အမြင်ရပါစေသားရေ။ သားသားကို အရမ်းချစ်တယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်

နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ကိုပေါက်ကတော့ သားငယ်လေးအတွက် ဖခင်မေတ္တာများနဲ့အတူ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်

နော်..ပရိသတ်ကြီး။ ပရိသတ်ကြီးလည်း ကိုပေါက်ရဲ့ သားငယ်လေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါဦးနော်.။

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

#credit