Celebrities

ပြိုင်ပွဲတုန်းကအားပေးမှုရရှိခဲ့တဲ့ သီချင်းလေးကို ပြန်လည်သီဆိုလိုက်တဲ့ အေးမြဖြူ

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ Top- 3 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ ပြိုင်ပွဲစတင်ဝင်ရောက်စဉ်ကတည်းက အမာခံပရိသတ်အင်အားတောင့်တင်းခဲ့သူတစ်ယောက်ပါ။ အသက်(၁၆) နှစ်သာရှိသေးပေမယ့် မြန်မာသီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်သူတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက ပြိုင်ပွဲတွေမှာ ဆုရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲကြီးပြီးသွားကတည်းက ကျောင်းတစ်ဖက်၊ ဖျော်ဖြေပွဲတွေတစ်ဖက်နဲ့ မအားလပ်ခဲ့ပေမယ့် ချစ်ရတဲ့ပရိသတ်တွေအတွက် မကြာခဏဆိုသလို သီချင်းကောင်းလေးတွေကို Cover ပြန်လည်သီဆိုကာ မျှဝေပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ သူပြိုင်ပွဲဝင်စဉ်တုန်းက ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့တဲ့ တေးသံရှင်ချိုပြုံးရဲ့ “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းလေးကို ပြန်လည်သီဆိုခဲ့ပါတယ်။

မိုးသိုကတော့ မြန်မာသံပိုင်နိုင်သူပီပီ ဒီသီချင်းလေးနဲ့လည်း ပြိုင်ပွဲမှာ မိုးသိုဆိုပြီး ပရိသတ်အားပေးမှုပိုမိုခိုင်မာအောင် ဆိုပြနိုင်ခဲ့တဲ့ သီချင်းလေးပါ။ ပြိုင်ပွဲမှာတုန်းက စိတ်ဖိစီးမှုတွေနဲ့ သီဆိုခဲ့ရတဲ့သီချင်းလေးကို အခုတစ်ခါမှာတော့ စည်းနဲ့ဝါး တီးကာ အကောင်းဆုံးပြန်လည်သီဆိုခဲ့တာမို့ မိုးသိုလေးရဲ့ “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းလေးကို ပြန်လည်နားဆင်ခံစားလိုတဲ့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

တက္ကသိုလ်ကျောင်းကငွေလမင်းတေးရေး-မောင်ဆွေနွယ်မူရင်းတေးဆို-ချိုပြုံးThe royal music academy မှမြန်မာသံစန္ဒရားဆရာ ကိုကြီးရဲမင်းဟန်နဲ့အတူ ပြိုင်ပွဲတုန်းကပြိုင်ခဲ့တဲ့သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် Location – The royal music academy

Posted by AYE MYA PHYU on Tuesday, August 11, 2020

#credit