Lifestyle

ဗူးခွံတွေကောက်ပြီး ဘဝအတွက်ရုန်းကန်နေရတဲ့ အသက် (၈၀)အဖွား

လောကဓံတရားက အသက်အရွယ်မရွေး ဒုက္ခပေးနိုင်တယ်ဆိုတဲ့ အတိုင်းပဲ အသက် ၈၀ ရှိနေပေမယ့်လောကဓံကို အံတုရင်း လမ်းဘေးက ဗူးခွံလေးတွေကောက်ပြီး အသက်ဆက်နေရတဲ့ အဖွားတစ်ယောက် ရှိပါတယ်။အဖွားက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်(၉) ဘူတာဖက်မှာနေပါတယ်။

ဒီအဖွားကတော့ ရွှေဈေးကိုလည်း မသိသလို၊ ဒေါ်လာဈေးကိုလည်း မသိပါဘူး။ တစ်နေ့ကို ထမင်းစားလောက်အောင် ဗူးခွံကောက်ရဖို့ပဲ သူသိပါတယ်။ ဒီလို မတ်လရဲ့ နွပေူပူမှာ အသက် ၈၀အရွယ်နဲ့ ကြွပ်ကြွပ်ပူနေတဲ့ လမ်းမဟာ ဘယ်လိုမှမလိုက်ဖက်ပါဘူးနော်။

ဒါကိုသိတဲ့ စေတနာရှင်တစ်ချို့ကတော့ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက် စတာတွေအပြင် အားဖြည့်စာများ ငွေသားများကိုသွား ရောက် လှူဒါန်း ပေးခဲ့ကြပါတယ်။

တကယ်လို့ပရိသတ်တွေထဲမှာ နွမ်းပါးသူကို ကူညီတတ်တဲ့ စိတ်စေတနာရှင်များ ပါခဲ့ရင်လည်း လမ်းကြုံလို့ပဲ ဖြစ်ဖြစ် တကူးတကပဲ ဖြစ်ဖြစ်သွားရောက် ကူညီပေးနိုင် ပါတယ်။

တကယ်လို့ ကိုယ်ဟာလည်း လက်လုပ်လက်စားမို့မကူညီနိုင်ရင်တောင် ဒီအကြောင်းလေးကို မျှဝေပေးလိုက်ပြီး လူအများကို သိစေတာဟာလည်း ကုသိုလ်တစ်မျိုး ပါပဲနော်။ အားလုံး ကိုယ်စိတ်နှလုံးအေးချမ်းသာယာကြပါစေ။

Crd မူပိုင်ရေးသားသူ