Local News

မနက်က အမ်အာတီဗွီကလာတဲ့ လူထုတွေ့ဆုံပွဲ လိုက်ဖ်ကို လိုင်းပေါ်ကနေကြည့်ရင်း စိတ်မကောင်းစရာတစ်ခုတွေ့တယ်

မနက်က အမ်အာတီဗွီကလာတဲ့ လူထုတွေ့ဆုံပွဲ လိုက်ဖ်ကို လိုင်းပေါ်ကနေကြည့်ရင်း စိတ်မကောင်းစရာတစ်ခုတွေ့တယ်။ မနက်က အလုပ်ထဲမှာမို့

အမ်အာတီဗွီကလာတဲ့ လူထုတွေ့ဆုံပွဲ လိုက်ဖ်ကို လိုင်းပေါ်ကနေပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ ဘာသွားတွေ့လဲဆိုတော့ လူထုခေါင်းဆောင်ကို ဆဲဆိုနေတဲ့

ကွန့်မန့်တွေပါ (အဆိုးဆုံးက ဘုန်းကြီး ပရိုဖိုင်၊ ဘုရားပရိုဖိုင်တပ်ထားတဲ့ အကောင့်ပိုင်ရှင်တွေပါ မျိုးဖျက်မကြီးရော ကုလားဘာညာ ထုံးစံအတိုင်းပေါ့ဗျာ) ကျနော်

ပြောပြချင်ပါတယ်။ ၂၁၊ ၂၂၊ ၂၃ ရက်နေ့မှာ အာဆီယံအစည်းအဝေးတက်ဖို့ ပြည်ပကိုသွားရတယ်။ ၂၄၊ ၂၅၊ ၂၆ နိုင်ငံတကာသံတမန်တွေ၊ စီးပွားရေး

လုပ်ငန်းရှင်တွေနဲ့တွေ့ တစ်ချက်လေးမှမနားဘူး။ ၂၇ရက်နေ့မှာ မကွေး မင်းဘူး ပွင့်ဖြူ ခရီးစဉ် ညနေမှောင်မှနေပြည်တော်ကိုပြန်ရောက်။ ဟော အခုမနက်

၈နာရီခွဲ ၉နာရီလောက်ကျတော့ ဓနုဖြူကိုရောက်နေပြီ။ ဘယ်မှာလဲ နားရက်၊ ဘယ်မှာလဲ သူ့အတွက်အချိန်၊ ခင်ဗျားတို့ မိဘတွေ အဘိုးအဘွားတွေကို သူ့လို

၇၄နှစ်ရောက်လာရင် ခိုင်းပါအုံးမလား။ ဆဲဆိုနေကြအုံးမလား။ ဘာဘာညာညာတွေ မပြောသေးဘူး ကိုယ်နဲ့ယှဉ်ပြီးတော့ပဲ ကိုယ်ချင်းစာတရားလေးနဲ့

တွေးကြည့်ကြစမ်းပါဗျာ။ အလုပ်မလုပ်ပဲ မှိန်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလဲ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတာကို သတိတရနဲ့ ရှက်သင့်

ကြပါပြီ။ ကျနော် လူထုခေါင်းဆောင်ကို လော်နေတာမဟုတ်ဘူးနော် ပကတိအရှိတရားကိုပြောပြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဆို ကျနော်တို့ဝိုင်းလော်မှ

နာမည်ကြီးရမယ့်လူလဲမဟုတ်ပါဘူး။ သူမဟာ အားလုံးရဲ့နတ်နေကိုင်းပါ တစ်ခုပဲ ပြောချင်ပါတယ်။ သူမဟာ တကယ်တော့ မြန်မာပြည်နဲ့ လုံးဝမတန်တဲ့

ပညာရှင်တစ်ယောက်ပါ။ ဒီလောက်ပါပဲ။ အမေဒေါ်အောင်ဆန်းစုကြည်ကို အရမ်းအားနာသလို အမေ့အတွက် စိတ်ပျက်ဝမ်းနည်းစွာဖြင့်။ ခရက်ဒစ်

ယူနီကုဒ်ဖြင့် ဖတ်ရန်