Lifestyle

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်က မွေးရာပါ အမွှေးများထူထဲနေတဲ့ ကောင်လေး

ရွာငံမြို့နယ်ထဲက မွေးရာပါတစ်ကိုယ်လုံး အမွှေးများထူထဲနေတဲ့ သားငယ်လေး မောင်ထင်ရှားအောင် ဆီသို့ ဒီနေ့မနက်လိုင်းပေါ်မှာ ” ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာက ထူးဆန်းတဲ့ကလေးငယ်လေး ” ဆိုပြီး

ရှင်မီးအိမ် KoHtetAung ဆိုသူက ပုံနှင့်တကွ ကလေးငယ်လေးတစ်ဦး တစ်ကိုယ်လုံးအမွှေးအမျှင်များစွာနဲ့ပုံတွေတွေ့လိုက်ရလို့ စိတ်က တကယ်ဟုတ်မဟုတ်သွားကြည့်ဘို့စိတ်ဆုံးဖြတ်လိုက်ပါတယ် နေ့လည် ၁၂:၀၀ နာရီတောင်ကြီး – ဟဲဟိုး – ဘော်ဆိုင်းလမ်းခွဲကနေ

တဆင့် ပွေးလှလမ်းခွဲ၊ ထိုမှတဆင့် အလွမ်းတောင် ၊ ရွာငံလမ်းကနေ ” ရေပြာအိုင် ” လမ်းခွဲအကျော် မန္တလေးကားလမ်းမကြီးရဲ့        ညာဘက် T-Junction

ပင်းတယလမ်းသို့ , အလယ်ချောင်ကျေးရွာသို့ဆိုတဲ့လမ်းကို ၁၀ မိနစ်ခန့်မောင်းလိုက်ရင်

ကားလမ်းနံဘေးက အလယ်ချောင်ကျေးရွာကိုရောက်ခဲ့ပါတယ်။ ဒီကလေးလေးအကြောင်းမေးလိုက်တာနဲ့ လူတိုင်းသိတာမို့ သူတို့နေထိုင်ရာရွာအတွင်းကအိမ်ကို လမ်းပြခေါ်ပြီးလိုက်ပို့ခိုင်းရပါတယ်။ အိမ်ရောက်တော့ လဘက်တွေလှမ်းထားပြီး

ကလေးငယ်နဲ့မိဘနှစ်ပါးက ယာစိုက်ခင်းထဲသွားနေကြတယ်ဆိုလို့ တစ်ခါယာထဲကို ၁၀ မိနစ်ခန့်ထပ်သွားရပြန်တယ်၊ ၅ ဧကခန့်ကျယ်ဝန်းတဲ့ လဘက်နဲ့ လိမ္မော်ခင်းရယ်၊ ဂျင်းပင်များပါစိုက်ပျိုးခင်းထဲက အသက် ၅၀ အရွယ် ဓနုတိုင်းရင်းသား ကိုမျိုးဇော်ထွက်လာပြီး

ရိုးသာဖော်ရွေစွာနှုတ်ဆက်ပါတယ်၊ သူ့သားလေးဆီလာတာလားလို့မေးပါတယ်။ ချက်ချင်းဘဲ အသက် ၁ နှစ်နဲ့ ၈ လ အရွယ် သားငယ်လေး မောင်ထင်ရှားအောင်လေးကို ယာတဲထဲကနေပွေ့ပြီးချီထွက်လာပါတယ်။ အသားဖြူဖြူလေးနဲ့ ချစ်စရာကောင်းတဲ့ ကလေးရဲ့

မျက်ခုံးမွှေးနဲ့ ပါးသိုင်းမွှေး၊ မျက်တောင်မွှေး၊ နဖူးပြင်ကျယ်ကအစ မျက်နှာပြင်တစ်ခုလုံး မွှေးညှင်းနုနုများကနက်မှောင်နေပြီး ကျောပြင်တွေကအစ အမွှေးအမျှင်များထူပိန်းနေတာကိုတွေ့မြင်ခဲ့ရပါတယ်။ ခဏအကြာမှာအသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူ

မငယ် ( ခ ) မစန်းမြင့်မေရောက်လာပါတယ်၊ သူတို့ဇနီးမောင်နှံဟာအိမ်ထောင်သက် ( ၃ ) နှစ်ဘဲရှိကြပါသေးတယ်၊ ရိုးသားတဲ့ဓနုတိုင်းရင်းသားများဖြစ်ကြပြီး သူ့သားလေးရု့ရှေ့ရေးကို မိဘတို့ရဲ့မေတ္တာအတိုင်း လူပုံအလယ်မှာ မျက်နှာငယ်မှာစိုးထိတ်နေကြပုံကိုပြောပြပါတယ်၊

မိဘချင်းကိုယ်ချင်းစာနာမိပါတယ်။ ကိုယ်ကလည်းဆေးပညာတတ်ကျွမ်းသူမဟုတ်တော့ ဘာမျှမတတ်နိုင်၊ အချိန်တန် အရွယ်ရောက်လို့ ဟိုမုန်းဓါတ်ပြောင်းလဲပြီး ခန္ဓာကိုယ်အနှံ့ကအမွှေးအမျှင်တွေဟာ

လျော့နည်းလားမလား ပိုတိုးလာမလားဆိုတာကတော့ အချိန်ကဘဲအဆုံးအဖြတ်ပေးမှာပါ ကျွန်တော်ကတော့တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးဘို့ ထိုင်းကအသိမိတ်ဆွေဆရာဝန်ကြီးတွေနဲ့ဆွေနွေးအဖြေရှာကြည့်ချင်ပါသေးတယ်

အဲ့ဒီနေရာလေးမှာ တိုက်ရိုက် Live လွှင့်ပေးနေစဉ်မှာဘဲ မန္တလေးက မိတ်ဆွေညီမလေး ပန်းသခင် ( မမာလာဆွေ ) က သားငယ်လေးအတွက် မုန်းဘိုး ၅၀၀၀၀ လှမ်းပြီးပို့ပေးပါတယ် သားငယ်လေးရဲ့ ကျမ္မာရေးကတော့ ဒေါင်ဒေါင်မြည်ပါတယ်၊ အားလုံးပုံမှန်ပါဘဲ

စကားလည်းပြောပါတယ်၊ ယာထဲကိုသူ့ဘာသာလမ်းလျှောက်လိုက်တယ်လို့ဖခင်ဖြစ်သူကပြောပြပါတယ် ရာသီဥတုကလည်းတစ်လမ်းလုံးမိုးစွေနေတဲ့အတွက် နေသာတဲ့အချိန်အခါမှ နောက်တစ်ခေါက်ထပ်သွားဘို့ရည်ရွယ်ထားပါတယ် တောင်ကြီးကိုမိုးချုပ်မှပြန်ရောက်ပါတယ်။

ယူနီကုဒ်ဖြင့် ဖတ်ရန်

ရွာငံမြို့နယ်ထဲက မွေးရာပါတစ်ကိုယ်လုံး အမွှေးများထူထဲနေတဲ့ သားငယ်လေး မောင်ထင်ရှားအောင် ဆီသို့ ဒီနေ့မနက်လိုင်းပေါ်မှာ ” ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာက ထူးဆန်းတဲ့ကလေးငယ်လေး ” ဆိုပြီး

ရှင်မီးအိမ် KoHtetAung ဆိုသူက ပုံနှင့်တကွ ကလေးငယ်လေးတစ်ဦး တစ်ကိုယ်လုံးအမွှေးအမျှင်များစွာနဲ့ပုံတွေတွေ့လိုက်ရလို့ စိတ်က တကယ်ဟုတ်မဟုတ်သွားကြည့်ဘို့စိတ်ဆုံးဖြတ်လိုက်ပါတယ် နေ့လည် ၁၂:၀၀ နာရီတောင်ကြီး – ဟဲဟိုး – ဘော်ဆိုင်းလမ်းခွဲကနေ

တဆင့် ပွေးလှလမ်းခွဲ၊ ထိုမှတဆင့် အလွမ်းတောင် ၊ ရွာငံလမ်းကနေ ” ရေပြာအိုင် ” လမ်းခွဲအကျော် မန္တလေးကားလမ်းမကြီးရဲ့ညာဘက် T-Junction ပင်းတယလမ်းသို့ , အလယ်ချောင်ကျေးရွာသို့ဆိုတဲ့လမ်းကို ၁၀ မိနစ်ခန့်မောင်းလိုက်ရင်

ကားလမ်းနံဘေးက အလယ်ချောင်ကျေးရွာကိုရောက်ခဲ့ပါတယ်။ ဒီကလေးလေးအကြောင်းမေးလိုက်တာနဲ့ လူတိုင်းသိတာမို့ သူတို့နေထိုင်ရာရွာအတွင်းကအိမ်ကို လမ်းပြခေါ်ပြီးလိုက်ပို့ခိုင်းရပါတယ်။ အိမ်ရောက်တော့ လဘက်တွေလှမ်းထားပြီး

ကလေးငယ်နဲ့မိဘနှစ်ပါးက ယာစိုက်ခင်းထဲသွားနေကြတယ်ဆိုလို့ တစ်ခါယာထဲကို ၁၀ မိနစ်ခန့်ထပ်သွားရပြန်တယ်၊ ၅ ဧကခန့်ကျယ်ဝန်းတဲ့ လဘက်နဲ့ လိမ္မော်ခင်းရယ်၊ ဂျင်းပင်များပါစိုက်ပျိုးခင်းထဲက အသက် ၅၀ အရွယ် ဓနုတိုင်းရင်းသား ကိုမျိုးဇော်ထွက်လာပြီး

ရိုးသာဖော်ရွေစွာနှုတ်ဆက်ပါတယ်၊ သူ့သားလေးဆီလာတာလားလို့မေးပါတယ်။ ချက်ချင်းဘဲ အသက် ၁ နှစ်နဲ့ ၈ လ အရွယ် သားငယ်လေး မောင်ထင်ရှားအောင်လေးကို ယာတဲထဲကနေပွေ့ပြီးချီထွက်လာပါတယ်။ အသားဖြူဖြူလေးနဲ့ ချစ်စရာကောင်းတဲ့ ကလေးရဲ့

မျက်ခုံးမွှေးနဲ့ ပါးသိုင်းမွှေး၊ မျက်တောင်မွှေး၊ နဖူးပြင်ကျယ်ကအစ မျက်နှာပြင်တစ်ခုလုံး မွှေးညှင်းနုနုများကနက်မှောင်နေပြီး ကျောပြင်တွေကအစ အမွှေးအမျှင်များထူပိန်းနေတာကိုတွေ့မြင်ခဲ့ရပါတယ်။ ခဏအကြာမှာအသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူ

မငယ် ( ခ ) မစန်းမြင့်မေရောက်လာပါတယ်၊ သူတို့ဇနီးမောင်နှံဟာအိမ်ထောင်သက် ( ၃ ) နှစ်ဘဲရှိကြပါသေးတယ်၊ ရိုးသားတဲ့ဓနုတိုင်းရင်းသားများဖြစ်ကြပြီး သူ့သားလေးရု့ရှေ့ရေးကို မိဘတို့ရဲ့မေတ္တာအတိုင်း လူပုံအလယ်မှာ မျက်နှာငယ်မှာ

စိုးထိတ်နေကြပုံကိုပြောပြပါတယ်၊ မိဘချင်းကိုယ်ချင်းစာနာမိပါတယ်။ ကိုယ်ကလည်းဆေးပညာတတ်ကျွမ်းသူမဟုတ်တော့ ဘာမျှမတတ်နိုင်၊ အချိန်တန်အရွယ်ရောက်လို့ ဟိုမုန်းဓါတ်ပြောင်းလဲပြီး ခန္ဓာကိုယ်အနှံ့ကအမွှေးအမျှင်တွေဟာ

#CREDIT