မျက်လုံးဝိုင်းဝိုင်း၊ ဝဝကစ်ကစ်လေးနဲ့ ခိုင်နှင်းဝေရဲ့ချစ်စရာသမီးလေးရွှန်းရွှန်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာပါနော်။ အရွယ်နဲ့မလိုက်အောင် သွက်လွန်းတဲ့အပြင် ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေကြောင့် ရွှန်းရွှန်းကတော့ ပရိသတ်တွေများစွာရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားတာပါ။
ငယ်သေးပေမယ့် အနုပညာကို ဝါသနာပါတဲ့သမီးလေးဖြစ်ပြီး မကြာသေးခင်ကလည်း နေတိုးနဲ့ ရုပ်ရှင်တွဲရိုက်မယ်ဆိုပြီး ပြင်ဆင်နေတဲ့ပုံလေးတချို့ကို မေမေခိုင်နှင်းဝေက ချစ်စနိုးနဲ့ မျှဝေခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ မင်းသမီးလုပ်ဖို့ အိုက်တင်လေ့ကျင့်နေတဲ့ ရွှန်းရွှန်းတစ်ယောက် ငိုနေတဲ့အိုက်တင်လေ့ကျင့်နေကြောင်းကို ခိုင်နှင်းဝေက ဗွီဒီယိုလေးရိုက်ကူးကာ မျှဝေခဲ့ပါတယ်။
ကလေးလေးပေမယ့် ငိုနေတာကို ပီပြင်အောင် ရှိုက်ပြီးအငိုလေ့ကျင့်နေတဲ့ ရွှန်းရွှန်းရဲ့ ဗွီဒီယိုလေးကတော့ ပရိသတ်တွေကို သဘောကျစေမှာ အမှန်ပါ။ ငယ်ငယ်လေးကတည်းက အနုပညာကို ဝါသနာပါတဲ့ သမီးလေးရွှန်းရွှန်း မေမေ့လိုပဲ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းရင်း ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
တသိမ့်သိမ့်ရှိုက်ပြီး ငိုနေတာတဲ့ရှင် ?Shooting မှာ ငိုတဲ့အခန်း ရိုက်တာပါတဲ့လေ..သူ့အဖွားကတကယ်ငိုတယ်ထင်အောင် ငိုတတ်တဲ့ အိုက်တင်ကောင်းတဲ့ ရွှေမင်းသမီးလေ: ရွှန်းရွှန်း ….??
Posted by Khine Hnin Wai on Monday, August 10, 2020
Source – Khine Hnin Wai
Rainbow- Cele Gabar
#credit