Celebrities

ခရီးသွားရင်းကလောမြို့လေးက စိုက်ခင်းတွေထဲမှာ ကိုယ်တိုင်လက်တွေ့လေ့လာခဲ့တဲ့ ဟန်တီ

အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်နဲ့ချစ်စရာကောင်းတဲ့ မော်ဒယ်လ်၊မင်းသမီးချောလေးဟန်တီကိုတော့ ပရိသတ်တွေသိကြမှာပါ။ အသက်ငယ်ငယ်လေးနဲ့ အနုပညာလမ်းကြောင်းလျှောက်လှမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိထားသူတစ်ယောက်ပါ။

ပရိသတ်တွေအချစ်ကိုရရှိထားတဲ့ဟန်တီကတော့ ဒေသန္တရဗဟုသုတတွေရှာဖွေဖို့ကို စိတ်ဝင်စားသူတစ်ယောက်ပါ။ အခုလည်း ကလောမြို့မှာလက်တွေ့လေ့လာခဲ့တဲ့အကြောင်းကို မျှဝေလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကလော မြင်းကရွာကိုသွားတဲ့ လမ်းတလျှောက် ဂျင်းစိုက်ခင်းတွေ တွေ့လို့ ဝင်ရောက်လေ့လာဖြစ်ခဲ့တယ်…စိုက်ခင်းကသဘောမနောကောင်းတဲ့ အန်တီတွေက ဂျင်းစိုက်ပျိုးပင်အကြောင်းရှင်းပြပေးကြလို့ ဗဟုသုတတွေရခဲ့ပါတယ်” ဆိုပြီးတော့ ရေးသားထားတာပါ။

ဒါ့အပြင် ကိုယ်တိုင်စိုက်ခင်းထဲလက်တွေ့သွားရောက်ခဲ့တဲ့အတွေ့အကြုံကိုလည်း “ကလော ပိန္နဲပင်ရွာကိုအသွားလမ်းဘေးမှာလည်း ဂေါ်ဖီတွေခူးနေတာတွေ့လို့ တထုတ်ကိုတပိဿကျော် လောက်လေးတဲ့ ဂေါ်ဖီတွေဝင်ခုတ်ခဲ့ပါသေးတယ်..” ဆိုပြီးတော့ ရေးသားထားတာပါ။ ဟန်တီကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကိုမျှဝေပေးသလို အခုလည်း ကလောမြို့ကစိုက်ခင်းထဲရောက်တဲ့ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို မျှဝေလိုက်ပါပြီနော်…

#credit