Dhamma

ငွေကြေးမရှိသော်လည်း နေ့စဉ်လှူ ဒါန်းနိုင်သော အလှူဒါန(၇)မျိုး

ငွေကြေးမရှိသော်လည်း နေ့စဉ်လှူ ဒါန်းနိုင်သော အလှူဒါန(၇)မျိုးအခါတပါး၌လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍အကျွန်ုပ်သည် မည်သည့်အရာကိုပဲလုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်

အဘယ်ကြောင့် မအောင်မမြင် ဖြစ်နေပါသနည်း”ဟု မေးလျှောက်သည်။ထိုအခါ မြတ်စွာဘုရားက “အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်”ဟု ဖြေကြားတော်မူသည်။“ငွေကြေးတစ်ပြားတစ်ချပ်မျှမရှိသောဆင်းရဲသား ကျွန်ုပ်အဖို့

မည်ကဲ့သို့ အလှူ ဒါန ပြုနိုင်ပါ မည်နည်း”ဟုလူငယ်က ပြန်လည်လျှောက်တင်သောအခါအသင်ဤသို့မဟုတ်သည်ကို မှတ်သားလော့တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်းသူတစ်ပါးကို

ပေးကမ်းနိုင်သောအလှူဒါန (၇)မျိူးရှိသည်ထို (၇)မျိုးမှာ(၁)မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း(အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း)(၂) နှုတ်ဖြင့်အလှူဒါနပြုခြင်း(အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ညှာတာစကား၊

နွေးထွေးသောစကားများ ပြောဆိုခြင်း)(၃)စိတ်ဖြင့်အလှူဒါနပြုခြင်း(စိတ်တံခါးကိုဖွင့်၍သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း)(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း(ကောင်းသောစေတနာအမြင်ဖြင့် သူတစ်ပါးကိုကြည့်မြင်တတ်ခြင်း)

(၅) ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း(မိမိနိုင်နင်းသောလုပ်ဆောင်မှုဖြင့် သူတစ်ပါးကို ကူညီခြင်း)(၆) နေရာထိုင်ခင်း အလှူဒါနပြုခြင်း(လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ကိုယ်ဝန်ရှိသူနှင့်ကလေးငယ်တို့အား

မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း)(၇) နေအိမ် အလှူဒါနပြုခြင်း(မိမိ၏ အိမ်နေရာကို သူတစ်ပါးတို့အနားယူရန် ပေးကမ်းခြင်း)မည်သူမဆို ဤအလှူဒါန(၇)မျိုးသောကောင်းမှုကုသိုလ်ကို

ပေးကမ်းလေ့ရှိသည့်အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်းသည် ထပ်ချပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

unicode

ပေးကမ်းလေ့ရှိသည့်အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်းသည် ထပ်ချပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။Credit – မူရင်းရေးသားသူ