Lifestyle

တောင်ငူပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူးကလေးအား ခွဲစိတ်မွေးဖွားအောင်မြင်ခဲ့

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင်ဩဂုတ် ၂ ရက်နေ့က သုံးမွှာပူးကလေးအား ခွဲစိတ်မွေးဖွားအောင်မြင် ထားပြီး ကလေးများနှင့်မိခင်ဖြစ်သူတို့မှာကျန်းမာရေးကောင်းမွန်လျှက် ရှိကြောင်း တောင်ငူပြည်သူ့ဆေးရုံကြီးမှသိရသည်။

အဆိုပါ သုံးမွှာပူးကလေးအား တောင်ငူပြည်သူ့ဆေးရုံမှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန် ဒေါက်တာ လဲ့ယဥ်မင်းက ဦးဆောင်ပြီး ဒေါက်တာ မန္တာထက်မင်း၊ ဒေါက်တာအောင်မင်းခန့်တို့က ဩဂုတ် ၂ ရက် နံနက်ပိုင်း ၉ နာရီ ၂၀ မိနစ်အချိန်၌ မိန်းကလေးနှစ်ဦးနှင့် ယောကျာ်းလေးတစ်ဦး ၊စုစုပေါင်း သုံးမွှာပူးအား ခွဲစိတ်မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊ မွေးဖွားစတွင် ကိုယ်အလေးချိန် မ(ပထမကလေး) ၂.၂ Kg၊ကျား(ဒုတိယကလေး) ၂.၂Kgနှင့် မ(တတိယကလေး) ၁.၅ Kg ဖြင့် မွှေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊ သုံးမွှာပူးကလေးများ၏ မိဘနှစ်ပါးမှာဖခင်-ကိုနိုင်လင်းစိုး +မိခင်- မဝေဝေဖြိုး ၂၆ နှစ်၊ ကျောက်တံခါးမြို့နယ်အနန်းဘော်ကျေးရွာအုပ်စု၊ ကွင်းချောင်းဝနေသူတို့ဖြစ်ပြီး ၎င်းတို့၏သားဦးကလေးများဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကလေးများနှင့်မိခင်ဖြစ်သူတို့မှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိကြပြီး ရက်အနည်းငယ်အတွင်း ဆေးရုံမှဆင်းနိုင် တော့မည်ဖြစ်ကြောင်းနှင့်ကလေးများအတွက် မိခင်တစ်ဦးတည်း၏နို့ဖြင့်မလုံလောက်သဖြင့် နို့မှုန့်ကူပြီး တိုက်နေရကြောင်းသိရသည်။