Knowledge

ဖုန်းထဲမှာ ညစ်ညမ်းဓာတ်ပုံ 4ပုံတွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသား

ကိုယ့်ရဲ့ဖုန်းထဲမှာ ညစ်ညမ်းဓာတ်ပုံတွေ ၊ video တွေရှိနေရင် အခြားလူတွေမမြင်ခင်မှာ အရင်ဖျက်သင့်ပါတယ် ။ အထူးသဖြင့် မလေးရှားနိုင်ငံမှာဆိုရင် ဖုန်းထဲအဆိုပါကိစ္စရပ်များရှိနေရင် ပြစ်မှုမြောက်လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Johor Bahru မြို့မှာနေထိုင်တဲ့ အသက် 25 နှစ်အရွယ် အလုပ်လက်မဲ့အမျိုးသားတစ်ဦးဟာဆိုရင် သူ့ရဲ့ဖုန်းထဲမှာ ညစ်ညမ်းအပြာဓာတ်ပုံ 4ပုံတွေ့ရှိခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

မလေးရှားနိုင်ငံရဲ့ ဥပဒေအရ အဆိုပါ ကာမရာဂစိတ်ကိုနှိုးကြားစေတဲ့ video တွေ ၊ ဓာတ်ပုံတွေကို စုစည်းထားမယ် ၊ ရောင်ချမယ် ၊ ဖြန့်ဝေမယ် ဒါမှမဟုတ် မြင်မကောင်းတဲ့ပစ္စည်းတွေရှိနေမယ် စတဲ့ထင်ရှားတဲ့ပြစ်မှုတွေ ရှိနေမယ်ဆိုရင်တော့ ထောင်ဒဏ် 3နှစ်နှင့် ဒဏ်ကြေးငွေများ ချမှတ်ခံရနိုင်ကြောင်း သိရှိရပါတယ် ။

ဖြစ်စဉ်ကတော့ social media ပေါ်မှာ ဆိုးဝါးပြင်းထန်လွန်တဲ့ comment တွေနဲ့ပက်သက်ပြီး စစ်ဆေးနေတဲ့ PDRM နှင့် မလေးရှားဆက်သွယ်ရေး နဲ့ Multimedia Commission အဖွဲ့တို့ရဲ့ ကူညီပြီးစစ်ဆေးနေကြတဲ့အချိန်မှာ အဆိုပါအမျိုးသားက ရဲအရာရှိတစ်ဦးအား သူ၏ဖုန်းထဲတွင် ညစ်ညမ်းဓာတ်ပုံများရှိနေကြောင်း ဝန်ခံထွက်ဆိုခဲ့လို့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ ။ အဆိုပါပြစ်မှုကိုတော့ ဆက်လက်ပြီးစစ်ဆေးနေလျက်ရှိပါတယ် ။

Unicode

#credit