Lifestyle

ကုန်စိမ်းရောင်းသောမိခင်မုဆိုးမအားအပိုဝင်ငွေရှာပေးရင်း…၄ဘာသာဂုဏ်ထူးဖြင့်(ဝိဇ္ဇာတွဲ)အဆင့်၆ရရှိခဲ့သူမောင်စိုးမြတ်မင်း

သားငယ်လေးကို ကူညီပေးကြပါရန်ရှယ်ပေးကြစေလို
(11.8.2020)

လှည်းကူးမြို့နယ် ဘိုးရင်ကလေးကျေးရွာနေ မောင်စိုးမြတ်မင်းသည် ကုန်စိမ်းရောင်းသော မိခင် မုဆိုးမအား အပိုဝင်ငွေရှာ အလုပ်က တဖက်၊ အရွယ် မရောက်သေးသော ညီနှင့်ညီမအားထိန်းကျောင်းရင်းဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အလွတ်ဖြေ (အပြင်​ဖြေ)ပြီး ၄ ဘာဘာဂုဏ်ထူးရကာ ရန်ကုန်တိုင်းဒေသကြီး၌ (ဝိဇ္ဇာတွဲ)၌ အမှတ်အများဆုံး အဆင့် (၆)ဖြင့် မိဘကျေးဇူးကိုဆပ်နိုင်ခဲ့ပါသည်။ သို့သော် သူရဲ့ရှေ့ဆက်ရမည့် ပညာရေးအတွက် ရင်လေးမိပါသည်။

သို့ပါ၍ တက်နိုင်သည့် စေတနာ့ရှင်များ အနေဖြင့်၄င်း၊ အဖွဲ့အစည်းများ အနေဖြင့်၄င်း သားငယ်လေး မောင်စိုးမြတ်မင်း- ၏ ပညာရေးအတွက် တက်နိုင်သည့်ဖက်မှ ကူညီထောက်ပံ့ပေးကြပါရန် လှည်းကူးငါးပိချက် အက်ဒမင်အဖွဲ့က မေတ္တာရပ်ခံလိုက်ပါသည်။

credit