သူမ နဲ့ ရုပ်ချင်းဆင်တဲ့ ကလေးလေးကို မြင်မြင်ချင်းချစ်မိသွားပြီး သမီးအရင်းလေး တစ်ယောက် လိုပြုစုစောင့်ရှောက်ရင်း ပျော်ရွှင် နေတဲ့မေမေခိုင်နှင်းဝေတစ်ယောက် သမီးလေးကို ရေကူးသင် ပေးနေတဲ့ ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါတယ်။
အမြဲတမ်း အနားမှာ ရှိပေးပြီး ပါရမီဖြည့်ဖက် ကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ချစ်သူကလည်း သမီးလေးနဲ့အတူ သုံးယောက်သား ပျော်ပျော်ရွှင်ရွှင် ရေကစား နေခဲ့ပါတယ်။
ပါရဟိတအလုပ်တွေကို ကိုယ်ရောစိတ်ပါနှစ်ပြီး ကြိုးစားပေးခဲ့တဲ့ စေတနာအကျိုးတွေဟာ သူမနဲ့ ကလေးလေးတွေအတွက် အမြဲတမ်း ရောင်ပြန်ဟပ်ခဲ့ပါတယ်။ ချစ်ရတဲ့ ခိုင်မျိုးဆက်လေးတွေကို
အမြဲတမ်း ချစ်မြတ်နိုးစွာနဲ့ လာရောက်လှူတန်းပေးသူတွေလည်း အများ အပြားပါပဲ။ သားသမီးလေးတွေ အရိပ်ကောင်းကောင်းမှာ ပိုပြီးပြည့်ပြည့်စုံစုံနေနိုင်ဖို့ မေမေက ပိုကြိုးစားနေခဲ့ပါတယ်။
ချစ်ရတဲ့သမီးလေးကို ရေကူးသင်ပေးနေတဲ့ ပျော်စရာပုံရိပ်လေးတွေကို ” သာမီးတော် ရွှန်းရွှန်းကို ရေကူးသင် ရေကူးရမယ်ဆို သိပ်ပျော် ရေဆိုသိပ်ကြိုက် သူကကိုယ့်သင်မှာလား ကိုယ်က သူ့ဆီကသင်ရမှာလားမသိဘူး ” ဆိုပြီ
ခပ်နောက်နောက်ဝေမျှခဲ့ပါတယ်။ မိသားစုသုံးယောက်ရဲ့ ပျော်စရာအခိုက်အတန့်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
#credit