Celebrities

ဧရာဝတီလင်းပိုင်လေးများ ထိန်းသိမ်းကာကွယ်ဖို့ရန်အတွက် တဖက်တလမ်းကနေ ကူညီပေးခဲ့တဲ့ လွင်မိုး

လွင်မိုးကတော့ တချိန်က နိုင်ငံကျော်မင်းသားတစ်ဦးအဖြစ် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး လက်ရှိမှာတော့ မိသားစုနဲ့အတူ နေထိုင်ရင်း စီးပွားရေးလုပ်ငန်းများကို ဇောက်ချလုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းများကို အနားယူပြီးတဲ့နောက် မြန်မာနိုင်ငံအနှံ့ ” လွင်မိုးခရီးသွားနေသည် ” ဆိုတဲ့ ပရိုဂရမ်လေးနဲ့အတူ ဒေသအစားအစာ ရိုးရာများကို သွားရောက်လေ့ကာ ရိုက်ကူးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ လီလီပန်းများကို နိုင်ငံခြားမှ တင်သွင်းကာ စိုက်ပျိုးရောင်းချခြင်းလုပ်ငန်းများကို လုပ်ကိုင်နေပါတယ်။ ချစ်ရတဲ့ မြေးလေးကို ထိန်းကျောင်းရင်း သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှုများကိုလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပရိတ်သတ်ထံ မျှဝေပေးတတ်သူပါ။

လွင်မိုးကတော့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ရှားပါး ဧရာဝတီလင်းပိုင်မျိုးများကို ကာကွယ်ရန်အတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြု ဆောင်းပါးများကို ရေးသားကာ ကူညီဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပဲ မျှဝေခဲ့ပါတယ်။ ” Tomorrow ဂျာနယ်တွင် ဧရာဝတီနှင့်ချစ်သောလင်းပိုင်များ..အပိုင်း ၁ လင်းပိုင်းကာကွယ်ထိန်းသိမ်းရေးအကျိုးပြု ဆောင်းပါးအားရေးသားပေးပို့ပြီးပါကြောင်း ” ဆိုတဲ့ စာသားလေးနဲ့အတူ ဧရာဝတီလင်းပိုင်များကို သွားရောက်ကြည့်ရှုစဉ်က ပုံရိပ်များနဲ့အတူ ဖော်ပြရေးသားခဲ့ပါတယ် ။

မြန်မာနိုင်ငံတွင်းမှာပဲ တွေ့ရနိုင်တဲ့ ဧရာဝတီလင်းပိုင် အမျိုးအစားဟာ နိုင်ငံခြားမှာ တွေ့ရတတ်တဲ့ နှုတ်သီးရှည် လင်းပိုင်မျိုး မဟုတ်ပဲ အရမ်းကို ရှားပါးတဲ့ လင်းပိုင်အမျိုးအစားပဲ ဖြစ်ပါတယ်။ အခုဆိုရင် မဆင်မခြင် သတ်ဖြတ်ကာ ထိန်းသိမ်းမှု မရှိခဲ့တဲ့အတွက် ယခုအချိန်မှာဆိုရင် အကောင်ရေ ၇၀ ကျော်သာ ကျန်ရှိပါတော့တယ်။ အဆိုပါ လင်းပိုင်လေးတွေဟာ တစ်ခါမွေးရင် တစ်ကောင်သာ မွေးတဲ့အတွက် အခုချိန်မှာတော့ မျိုးတုန်းမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါပြီ။ ဒါ့ကြောင့် အဘက်ဘက်ကနေ ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ရန်အတွက် အားလုံးက ကြိုးစားနေကြရတာပါ။ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီမှုပေးနေတဲ့ ဦးလွင်မိုးရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။အားလုံးပဲ သာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

#credit