Celebrities

ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တဲ့ ကလေးသရုပ်ဆောင် ဂျူလီယာပါဝါ

ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုမှာ သရုပ်ဆောင်ကြတဲ့ ဇာတ်ဆောင် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် ကလေးသရုပ်ဆောင်တွေကလည်း ဇာတ်လမ်းတစ်ခုကို အရှိန်ရစေဖို့ ပံ့ပိုးပေးကြသူများ ဖြစ်ကြပါတယ်။

ကလေးသရုပ်ဆောင်တော်တော်များများက အရွယ်ရောက်ကြီးပြင်းလာချိန်မှာ အနုပညာလောကထဲမှာ ဆက်လက်ကျင်လည်ကြပြီး တစ်ချို့ကတော့ အနုပညာလောကကနေ အပြီးတိုင် ပျောက်ကွယ်ပြီး သာမာန်လူတစ်ယောက်အဖြစ်ပဲ နေထိုင်ကြလေ့ရှိပါတယ်။

ကလေးသရုပ်ဆောင်တွေထဲက လွန်ခဲ့တဲ့ (၇)နှစ်ကျော် (၈) လောက်က ပရိသတ်တွေသိခဲ့ကြတဲ့ ဒါရိုက်တာ အောင်ဗပါဝါရဲ့သမီး ဂျူလီယာပါဝါကို ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။ ဂျူလီယာပါဝါက အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားတာပဲ ဖြစ်ပါတယ်။ ဂျူလီယာပါဝါက သူမရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ သချင်္ာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဂျူလီယာပါဝါကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး မလှိုင်စာစစ်ဌာနကနေပြီး လေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဂျူလီယာပါဝါအတွက် ဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တဲ့ ကလေးသရုပ်ဆောင် ဂျူလီယာပါဝါ

ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုမှာ သရုပ်ဆောင်ကြတဲ့ ဇာတ်ဆောင် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် ကလေးသရုပ်ဆောင်တွေကလည်း ဇာတ်လမ်းတစ်ခုကို အရှိန်ရစေဖို့ ပံ့ပိုးပေးကြသူများ ဖြစ်ကြပါတယ်။

ကလေးသရုပ်ဆောင်တော်တော်များများက အရွယ်ရောက်ကြီးပြင်းလာချိန်မှာ အနုပညာလောကထဲမှာ ဆက်လက်ကျင်လည်ကြပြီး တစ်ချို့ကတော့ အနုပညာလောကကနေ အပြီးတိုင် ပျောက်ကွယ်ပြီး သာမာန်လူတစ်ယောက်အဖြစ်ပဲ နေထိုင်ကြလေ့ရှိပါတယ်။

ကလေးသရုပ်ဆောင်တွေထဲက လွန်ခဲ့တဲ့ (၇)နှစ်ကျော် (၈) လောက်က ပရိသတ်တွေသိခဲ့ကြတဲ့ ဒါရိုက်တာ အောင်ဗပါဝါရဲ့သမီး ဂျူလီယာပါဝါကို ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။ ဂျူလီယာပါဝါက အခုဆိုရင်

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားတာပဲ ဖြစ်ပါတယ်။ ဂျူလီယာပါဝါက သူမရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဂျူလီယာပါဝါကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး မလှိုင်စာစစ်ဌာနကနေပြီး လေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဂျူလီယာပါဝါအတွက် ဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aungba Power’s fb