Celebrities

Music Video နောက်ကွယ်က ရိုက်ကွင်းပုံလေးတွေကို မျှဝေပေးလိုက်တဲ့ သဇင်ထူးမြင့်

မင်းသမီးချောလေးသဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူခင်လှိုင်လိုပဲ အနုပညာအရည်အသွေးတွေ အပြည့်အဝပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ လက်ရှိမှာ ပရိသတ်အချစ်တွေကိုလည်း ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုတောက်လျှောက်လုပ်ကိုင်နေတဲ့ တက်သစ်စမင်းသမီးတစ်လက်ဖြစ်နေပါပြီ။

သဇင်ထူးမြင့်ကတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ အနုပညာလှုပ်ရှားမှုတွေကို မကြာခဏဆိုသလို ပြန်လည်မျှဝေလေ့ရှိသူတစ်ယောက်ပါ။ အခုလည်း MV ကိုရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးတွေကို မျှဝေရင်း “ဒီနေ့ မနွေးရဲ့ ’ဖြေပါ’ ဆိုတဲ့သီချင်း MV လေး ရိုက်ကူးထားပါတယ်…. ရိုက်ကွင်းကပုံလေးတွေ တင်လိုက်ပြီနော်” ဆိုပြီးတော့ ပရိသတ်တွေကို မျှဝေလာတာပါ။ ဒီသီချင်းလေးထဲမှာတော့ အခင်ဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ မင်းသားချောမင်းခန့်ကိုနဲ့အတူသရုပ်ဆောင်နေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ ပရိသတ်အခိုင်အမာရှိနေကြတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကသဘောကျနေတာဖြစ်ပါတယ်။ သီချင်းထွက်ရှိဖို့မျှော်လင့်နေတဲ့ပရိသတ်တွေကိုတော့ စက်တင်ဘာလ ပထမအပတ်ထဲမှာထွက်ရှိမယ့်အကြောင်းကိုပြောပြထားပါသေးတယ်။ ကြည့်ချင်နေကြပြီလား ပရိသတ်ကြီးရေ…

Source : ThazinHtooMyint

#credit