Celebrities

လူကိုယ်တိုင်မသွားနိုင်ပေမဲ့ မိုးကုတ်မြို့ကဆေးရုံမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ဝတ်မှုန်ရွှေရည်

မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ ထိပ်တန်းအောင်မြင်မှုတွေကို ပိုင်ထားသလို လှူဒါန်းမှုကုသိုလ်တွေပြုဖို့ မမေ့သူတစ်ယောက်ပါ။ မနေ့ကမွေးနေ့လေးမှာအားလုံးကရွှေကစ်ရဲ့မွေးနေ့အတွက်ဝိုင်းပြီးတေ့ာဆုမွန်ကောင်းတောင်းပေးခဲ့ကြတာပါ။ ဒါ့အပြင် ရုပ်ရှင်စက်အဖွဲ့သားတွေအတွက်လည်း အခြေခံစားသောက်ကုန်တွေနဲ့ Maskတွေလှူဒါန်းပေးခဲ့ပါသေးတယ်။

ဒါတင်မကသေးပါဘူး ။ရွှေကစ်ကတော့ မွေးရပ်မြေမိုးကုတ်မြို့လေးမှာလည်း အလှူပြုခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “မနေ့က ကစ်မွေးနေ့ August 10 ရက်နေ့မှာ မွေးနေ့အမှတ်တရအလှူအဖြစ် မိုးကုတ်မြို့ကုတင် 100ဆန့် ဆေးရုံ မှာ လူ 450 စာအတွက် လှူဖြစ်တဲ့ အာဟာရဒါနကုသိုလ်လေးပါ။ မိုးကုတ်မှာ ကစ်မရှိနေပေမယ့် အလှူဖြစ်မြောက်အောင် ပါဝင်ကူညီလှူဒါန်းပေးကြတဲ့ ကစ်အမျိုးတွေ, မိုးကုတ်မှရပ်ဆွေရပ်မျိုးများနဲ့လုပ်အားပေးကူညီကြတဲ့ သူတယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်နော်” ဆိုပြီးတော့ရေးသားကာ ပုံလေးတွေလည်း မျှဝေထားတာပါ။

အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေရတဲ့ရွှေကစ်ကတော့ လူကိုယ်တိုင်မသွားရောက်နိုင်ပေမဲ့လည်း မွေးရပ်မြေမှာ အလှူပြုခဲ့တာ တကယ့်ကိုကြည်နူးစရာပါပဲ။ ရွှေကစ်တစ်ယောက် အောင်မြင်ပျော်ရွှင်မှုတွေနဲ့အတူ တောက်ပတဲ့အနုပညာလောကရဲ့ငွေကြယ်ပွင့်အဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : WuttHmoneShweYi
#credit