Celebrities

မြန်မာစာ၊ မြန်မာစကားနဲ့ပတ်သက်ပြီး လူတော်တော်များများသတိမထားတဲ့ အရာတစ်ခုကို မေးခွန်းထုတ်လာတဲ့ ကျော်ကျော်ဗိုလ်

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်မင်းသားချော ကျော်ကျော်ဗိုလ်ကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူ့ရဲ့အတွေးတချို့နဲ့ တနေ့တာအကြောင်းအရာတွေကို မျှဝေလေ့ရှိသူပါ။ ဒီနေ့မှာတော့ မြန်မာစာ၊ မြန်မာစကားကို ငယ်ငယ်ကတည်းသင်ခဲ့ရသလို နေ့စဉ်လည်း အသုံးပြုနေကြပေမယ့် လူတော်တော်များမျာ သတိမထားမိတဲ့အရာလေးကို မျှဝေခဲ့ပါတယ်။

” “အ” အက္ခရာဟာ မြန်မာဗျည်းတွေထဲမှာ နောက်ဆုံးအက္ခရာ ဆိုပေမယ့် … အမည်နာမ တော်တော်များများရဲ့ရှေ့မှာ သုံးစွဲကြတာဘာကြောင့်ပါလဲ …? အဓိကအရောင် အခေါ်အဝေါ်တွေထဲမှာလည်း သူပါတယ်…. အဖြူ၊အနီ၊အညို၊အပြာ၊ အဝါ၊အစိမ်း၊ အနက် …မိသားစုအခေါ်အဝေါ်တွေထဲမှာလည်းသူပါတယ်…. အဖိုး၊အဖွား၊အဖေ၊အမေ၊အဒေါ်၊အကို၊အမ …ဆန့်ကျင်ဘက်အခေါ်အဝေါ်တွေထဲမှာလည်း သူပါတယ်… အတက်၊အဆင်း၊အချစ်၊အမုန်း၊အမြင့်၊အနိမ့်၊အပူ၊အအေး၊အပေး၊အယူ၊အနီး၊အဝေး၊အမေး၊အဖြေ….. အာရုံငါးပါးလည်း သူပဲ…. အမြင်၊အကြား၊အနံ၊အတွေ့အထိ၊အတွေး…. ကဲ… ဘာကြောင့် “အ” က အဲ့လောက်အထိ
အရေးပါနေရသလဲ ? ကျွန်တော့်ကိုရှင်းပြပါလား ?…ခင်ဗျားတို့ရဲ့ … အတွေးအခေါ်၊အယူအဆ၊အကြားအမြင် အတွေ့အကြုံ အရ အဆင်ပြေရင်သိချင်ပါတယ်” ဆိုပြီး “အ” နဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…

မြန်မာစာ၊ မြန်မာစကားကတော့ တကယ်ကို ရှုပ်ထွေးခက်ခဲတဲ့ဘာသာစကားတစ်ခုဆိုတာတော့ ပရိသတ်ကြီးလည်း သိကြမှာပါ.. နေ့စဉ်ပြောနေကျပေမယ့် ကျော်ကျော်ဗိုလ် ထောက်ပြခဲ့တဲ့အရာလေးနဲ့ ပတ်သက်ပြီး သတိထားမိခဲ့ကြမှာမဟုတ်ပါဘူးနော်… စကားလုံးတော်တော်များများမှာ ပါတဲ့ “အ” အက္ခရာနဲ့ပတ်သက်ပြီး ပရိသတ်ကြီးမှာ အဖြေလေးများရှိရင် မှတ်ချက်ပေးမျှဝေခဲ့ပါဦးနော်။

#credit