Celebrities

ယခုနှစ် ဆယ်တန်း ကျရှုံးသူများ နောက် (၂) နှစ် အထိ ပြန်ဖြေခွင့်ရှိမည်

တက္ကသိုလ် ဝင်တန်း ပြင်ပဖြေဆိုထားသူတွေ စာမေးပွဲကျရှုံးပါက နှစ်စဉ်ပြန်ဖြေခွင့်ရှိ တယ်လို့ အခြေခံပညာဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ အခုနှစ် စာမေးပွဲကျရှုံးသွားတဲ့သူတွေ အနေနဲ့ နောက်နှစ်မှာ ပြန်ဖြေဆိုခွင့်မရှိဘူးဆိုတဲ့ ကောလဟာလတွေက မဟုတ်မှန်ဘဲ နှစ်စဉ်ပြန်ဖြေ နိုင်မှာဖြစ်ပါတယ်။

ပြင်ပဖြေတွေအနေ နဲ့ ဆယ်တန်းပြီးမြောက်ကြောင်းလက်မှတ်မရပေမယ့် ပြန်ဖြေဆိုခွင့်ကတော့ အမြဲတမ်းရှိနေ မှာဖြစ်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ “ပြန်ဖြေခွင့်ကတော့ အမြဲတမ်းရှိတယ်။ ရှိနေမှာပဲ။ ပုံစံတစ်မျိုးနဲ့ တစ်မျိုးပေါ့။ အခုဟာက စနစ်ဟောင်းနဲ့ကျတဲ့ ကလေးတွေက အနည်းဆုံးနှစ်နှစ်တော့ ဒီစနစ်ဟောင်းအတိုင်းပဲပြန်ဖြေရမှာပါပဲ။ဒီနှစ် Grade11စာမေးပွဲရှိတာပေါ့။

အဲဒီစာမေးပွဲက အခုကျောင်းတက်နေတဲ့ Grade11 သင်ရိုးဟောင်းက ကလေးတွေက ဒီနှစ်ဖြေရမှာလေ။အခုဒီနှစ် ကျသွားတဲ့ကလေးတွေကလည်း၂၀၂၁မတ်မှာတော့ပြန်ဖြေခွင့်ရမှာပါ။လာမယ့်နှစ်၂၀၂၂မတ်မှာလည်း ဖြေခွင့်ရဦး မှာပါ။ဘာဖြစ်လို့လဲဆိုတော့ သင်ရိုးသစ်ကGrade10ကျမှပဲဖြေရမှာဆိုတော့ အခုGrade10 ဒီကလေးတွေက၂၀၂၂မှ Grade11 ရောက်မှာ ၂၀၂၃ရောက်မှ Grade12ရောက်မှာဆိုတော့လေ” လို့ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

ကျောင်းတွင်းဖြေဆိုသူတွေအနေ နဲ့ တက္ကသိုလ်ဝင်တန်း ကျရှုံးရင်လည်း ဆယ်တန်းပြီးမြောက်ကြောင်းလက်မှတ်တွေကို ကျောင်းတွေကထုတ်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဆယ်တန်းပြီးမြောက်ကြောင်းလက်မှတ်တွေကို ကိုဗစ် စည်းမျဉ်း စည်းကမ်းနဲ့ အညီဩဂုတ်လအတွင်း ထုတ်ပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

unicode

ယခုနှစ် ဆယ်တန်း ကျရှုံးသူများ နောက် (၂) နှစ် အထိ ပြန်ဖြေခွင့်ရှိမည်

တက္ကသိုလ် ဝင်တန်း ပြင်ပဖြေဆိုထားသူတွေ စာမေးပွဲကျရှုံးပါက နှစ်စဉ်ပြန်ဖြေခွင့်ရှိ တယ်လို့ အခြေခံပညာဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ အခုနှစ် စာမေးပွဲကျရှုံးသွားတဲ့သူတွေ အနေနဲ့ နောက်နှစ်မှာ ပြန်ဖြေဆိုခွင့်မရှိဘူးဆိုတဲ့ ကောလဟာလတွေက မဟုတ်မှန်ဘဲ နှစ်စဉ်ပြန်ဖြေ နိုင်မှာဖြစ်ပါတယ်။ပြင်ပဖြေတွေအနေ နဲ့ ဆယ်တန်းပြီးမြောက်ကြောင်းလက်မှတ်မရပေမယ့် ပြန်ဖြေဆိုခွင့်ကတော့ အမြဲတမ်းရှိနေ မှာဖြစ်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ “ပြန်ဖြေခွင့်ကတော့ အမြဲတမ်းရှိတယ်။ ရှိနေမှာပဲ။ ပုံစံတစ်မျိုးနဲ့ တစ်မျိုးပေါ့။ အခုဟာက စနစ်ဟောင်းနဲ့ကျတဲ့ ကလေးတွေက အနည်းဆုံးနှစ်နှစ်တော့ ဒီစနစ်ဟောင်းအတိုင်းပဲပြန်ဖြေရမှာပါပဲ။ဒီနှစ် Grade11စာမေးပွဲရှိတာပေါ့။

#credit